Connect with us

World

လာအိုတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား တစ်ဦးသေဆုံး၊ အခြားသုံးဦးဒဏ်ရာရရှိ

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် Luang Prabang ပြည်နယ် အား မြေပုံပေါ်၌ တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယန်ကျင်း၊ မတ် ၂ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ၊ Luang Prabang ပြည်နယ်၊ Phoukhoun ခရိုင် တွင် မတ်လ ၁ရက်နေ့ ညနေပိုင်းက အမည်မသိ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား တစ်ဦးသေဆုံးပြီး အခြားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း Luang Prabang ရှိ တရုတ်ကောင်စစ်ဝန်ချုပ် က မတ်လ ၂ရက်နေ့တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်ခံရမှု သည် ညနေ ၇နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံ မှ ရင်းနှီးမြုုပ်နှံထားသည့် ကုမ္ပဏီတစ်ခုကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တရုတ်လူမျိုး အလုပ်သမားတစ်ဦး နှင့် အခြား သုံးဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား ဆေးကုသမှုခံယူရန် Luang Prabang ရှိ ဆေးရုံသို့ပေးဆောင် ထားကြောင်း တရုတ်ကောင်စစ်ဝန်ချုပ် ကပြောကြားခဲ့သည်။

အဆိုပါဒေသ ၌ပင် ညနေ ၈နာရီ ဝန်းကျင်က တိုက်ခိုက်မှု နောက်ထပ် ဖြစ်ပွားခဲ့ကြောင်း၊ လာအိုနိုင်ငံ မြို့တော် ဗီယန်ကျင်း မှ Phongsaly ပြည်နယ်သို့ သွားရောက်သည့် ဘတ်စ်ကားတစ်စီး တိုက်ခိုက်ခံရပြီး လာအိုနိုင်ငံသား သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပစ်ကပ် ကားတစ်စီးလည်း တိုက်ခိုက်ခံရပြီး အနည်းဆုံး လာအို နိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကောင်စစ်ဝန်ချုပ် ကပြောကြားခဲ့သည်။

တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် Luang Prabang ပြည်နယ် စစ်တပ်အား စစ်သွေးကြွများကို ချေမှုန်းရန် အတွက် စေလွှတ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117