Connect with us

Africa & Middle East

အာဖဂန်မြို့တော်အနီးတွင် ဒေသခံတာလီဘန်ခေါင်းဆောင်အပါအဝင် ၄ ဦး သေဆုံး

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံ Jawzjan ပြည်နယ် Fayzabad ခရိုင်၌ စစ်ဆင်ရေးပြုလုပ်စဉ်အတွင်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ မေ ၈ ရက် (ဆင်ဟွာ)

ဒေသခံ တာလီဘန်ခေါင်းဆောင်တစ်ဦးအပါအဝင် တာလီဘန်စစ်သွေးကြွ ၄ ဦး သည် အာဖဂန်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (ANDSF) ၏ Logar ပြည်နယ်အရှေ့ဘက်၌ ထိုးစစ်ဆင်မှုအတွင်း သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက မေ ၈ ရက်တွင် အတည်ပြုခဲ့သည်။

ပြည်နယ်မြို့တော် Pul-e-Alam မြို့ မြို့စွန် Sar-e-Sang ဒေသရှိ တာလီဘန်တို့ တပ်ချထားရာနေရာအား ANDSF က မေ ၇ ရက်တွင် တိုက်ခိုက်ခဲ့ပြီးနောက် တာလီဘန်ဒေသခံခေါင်းဆောင် Fahttah Kulngari နှင့် စစ်သွေးကြွ ၃ ဦးသေဆုံးခဲ့ပြီး တာလီဘန်စစ်သွေးကြွ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အာဖဂန် အစိုးရတပ်များသည် တောင်တန်းများထူထပ်သောနိုင်ငံ၌ တိုက်ပွဲရာသီဖြစ်သော နွေဦးရာသီနှင့် နွေရာသီတို့ နှင့်နီးကပ်လာသောကြောင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့သည် ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)
————————————
(English Version)
4 including local Taliban leader killed near Afghan capital
KABUL, May 8 (Xinhua) — Four Taliban militants, including a local Taliban leader, were killed in an Afghan National Defense and Security Forces (ANDSF) offensive in eastern Logar province, the country’s Ministry of Defense confirmed on Saturday.
Taliban’s local leader Fahttah Kulngari, along with three militants, is killed and three Taliban militants were wounded on Friday after ANDSF attacked their position in Sar-e-Sang, a locality on the outskirts of provincial capital Pul-e-Alam city, the ministry said in a statement.
Afghan government forces continued in mopping-up operations as spring and summer known as fighting season is drawing near in the mountainous country.
The Taliban militant group has not responded to the report so far. Enditem
Photo-An Afghan security force member takes position during a military operation in Fayzabad district of Jawzjan province, Afghanistan, Nov. 23, 2020. (Photo by Mohammad Jan Aria/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.