Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ကနေဒါ နိုင်ငံ အကြား ဖြစ်ပွား နေသည့် နိုင်ငံခြားရေး ပြဿနာ က ညှိနှိုင်းဖြေရှင်း၍ မရကြောင်း ပြောကြား

ဆော်ဒီအာရေဗျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Adel al-Jubeir က ဆော်ဒီအာရေဗျ နိုင်ငံ နှင့် ကနေဒါ နိုင်ငံ အကြား ဖြစ်ပွား နေသည့် နိုင်ငံခြားရေး ပြဿနာ က ညှိနှိုင်းဖြေရှင်း၍ မရဘဲ ဆော်ဒီအာရေဗျ နိုင်ငံ အနေဖြင့် တုံ့ပြန်ဆောင်ရွက်မှုများ တိုးချဲ့ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သြဂုတ်လ ၈ ရက် ၌ ပြောကြား ခဲ့သည်။

Adel al-Jubeir က သတင်းစာ ရှင်းလင်းပွဲ တွင် ကနေဒါ နိုင်ငံ မှ ကြီးမား သည့် အမှားအယွင်း တစ်ခု ကို ကျူးလွန် ခဲ့ခြင်း ဖြစ်ပြီး ကနေဒါ နိုင်ငံ အနေဖြင့် ယင်းအမှားအယွင်း ကို မည်သို့ ပြင်ဆင်ရမည် ကို သိရှိကြောင်း ပြောကြား ခဲ့သည်။

ကနေဒါ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာန က သြဂုတ် လ ၃ ရက် ၌ ဆော်ဒီအာရေဗျ နိုင်ငံ မှ ကနေဒါ နိုင်ငံ သား လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦး အား ဖမ်းဆီး ခဲ့ခြင်း အပေါ် လွန်စွာ စိုးရိမ်မိကြောင်း နှင့် ဆော်ဒီအာရေဗျ နိုင်ငံ မှ ကနေဒါ နိုင်ငံသား အား ချက်ခြင်း လွတ်ပေးရန် တောင်းဆိုမှု ပြုလုပ် ခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံ က သြဂုတ်လ ၆ ရက် ၌ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် ကနေဒါ နိုင်ငံ မှ ဆော်ဒီအာရေဗျ နိုင်ငံ ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်ကြောင်း ပြောကြား ခဲ့ပြီး ဆော်ဒီအာရေဗျ နိုင်ငံ ဆိုင်ရာ ကနေဒါ သံအမတ်ကြီး အား ၂၄ နာရီ အတွင်း နိုင်ငံအတွင်း မှ ထွက်ခွာ ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ထုတ်ပြန်ချက်တွင် ဆော်ဒီအာရေဗျ နိုင်ငံ အစိုးရ အနေဖြင့် ကနေဒါ နိုင်ငံ နှင့် ဆောင်ရွက်နေသည့် လုပ်ငန်းသစ်များ နှင့် ရင်းနီးမြှုပ်နှံမှု များကို ရပ်ဆိုင်းကြောင်း ၊ ကနေဒါ နိုင်ငံ ရှိ အစိုးရ ပညာတော်သင် နှင့် ဆေးဝါး ကုသသည့် နိုင်ငံသား များအား နိုင်ငံ သို့ ပြန်လည်လာရောက် စေခဲ့ပြီး ကနေဒါ နိုင်ငံ သို့ ပျံသန်းသည့် လေကြောင်း ခရီးစဉ် ကို လည်း ရပ်ဆိုင်းကြောင်း ပါဝင် ခဲ့သည်။

ကနေဒါ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး က သြဂုတ်လ ၆ ရက် ၌ ကနေဒါ နိုင်ငံ အနေဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ အပေါ် ထားရှိသည့် နိုင်ငံခြားရေး ရပ်တည်မှု ကို ပြောင်းလဲမည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပြီး ဗြိတိန် နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ကနေဒါ နိုင်ငံ မှ ဗြိတိန် စသည့် နိုင်ငံ များ၏ အကူအညီ ဖြင့် ဆော်ဒီအာရေဗျ နိုင်ငံ နှင့် တင်းမာမှု ကို ဖြေရှင်းရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117