Connect with us

Africa & Middle East

တူရကီ အရှေ့ပိုင်း ကိုရန်ကျောင်း မီးလောင်မှု ကလေး ၆ ဦးသေဆုံး

တူရကီ အရှေ့ပိုင်း ရှိ ကိုရန်ကျမ်း စာသင်ကျောင်း အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့ပိုင်းရှိ ကိုရန်ကျမ်း စာသင်ကျောင်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ကလေးငယ် ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပုဂ္ဂလိကပိုင် ဒိုဂန် သတင်း အေဂျင်စီက ဖော်ပြခဲ့သည်။

အဆိုပါ မီးလောင်မှုသည် Diyarbakir ပြည်နယ်၊ ကတ်မြို့၊ Karaagac ကျေးရွာရှိ ကိုရန်ကျမ်းစာ သင်ကြားနေသော အဆောက်အဦတွင် ဒီဇင်ဘာလ ၁ ရက်နေ့ အစောပိုင်းက ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

စုံစမ်း စစ်ဆေးမှုများအား လုပ်ဆောင်နေဆဲ ဖြစ်ပြီး တူရကီနိုင်ငံ Anadolu သတင်း အေဂျင်စီ အဆိုအရ လျှပ်စစ် အပူ လွန်ကဲမှုကြောင့် မီးလောင်ကျွမ်း ခဲ့ရကြောင်း ဖော်ပြထားသည်။ (Xinhua)