Connect with us

Africa & Middle East

တူနီးရှားက လစ်ဗျားနှင့် ထိစပ်နေသော ၎င်း၏ နယ်စပ်အား ၁၅ ရက်ကြာ ပိတ်ထားမည်

တူနီးရှား နိုင်ငံတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ပိုမိုအားဖြည့် ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တူးနီးစ်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တူနီးရှား သမ္မတရုံးက လစ်ဗျားနှင့် ထိစပ်နေသော ၎င်း၏ နယ်စပ်အား ၁၅ ရက်ကြာ ပိတ်ထားရန် ဆုံးဖြတ် ခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့က ပြောကြားခဲ့သည်။

အမျိုးသား လုံခြုံရေး ကောင်စီသည် ပင်လယ်ရေကြောင်း နယ်စပ် နှင့် လေဆိပ်များတွင် လုံခြုံရေး ပိုမို အားဖြည့်မှု များနှင့် အတူ နယ်စပ် ဒေသအား သန်းခေါင်ယံမှ စ၍ ပိတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ကောင်စီသည် အကြမ်းဖက် အုပ်စုများနှင့် ဆက်စပ်နေသည့် ဝက်ဘ်ဆိုဒ် များကိုလည်း ပိတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုံးဖြတ်ချက်သည် သမ္မတ လုံခြုံရေး တပ်ဖွဲ့များ လိုက်ပါလာသည့် ဘတ်စ်ကားအား ဦးတည်၍ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အေးဂျင့် ၁၃ ဦး သေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ ဗုံးပေါက်ကွဲမှု အပြီး ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။
လူမှု သတင်း မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုအား IS အကြမ်းဖက် အဖွဲ့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဘက်စ်ကားအား ၎င်းတို့၏ အသေခံ ဗုံးခွဲသမားမှ ဖောက်ခွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117