Connect with us

Africa & Middle East

ဒူဘိုင်းတွင် ပြုလုပ်မည့် ကမ္ဘာ့ အကြီးဆုံး ကုန်စည်ပြပွဲတွင် သီရိလင်္ကာက လက်ဖက်နှင့် စားသောက်ကုန် ဈေးကွက် မြှင့်တင်မည်

ကုန်စည်ပြပွဲ တစ်ခုတွင် ခင်းကျင်းပြသထားသည့် ကမ္ဘာကျော် Ceylon Tea ကုမ္ပဏီ ပြခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလမ်ဘို၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဒူဘိုင်းတွင် ပြုလုပ်မည့် ကမ္ဘာ့ အကြီးဆုံး အစားအသောက်နှင့် အဖျော်ယမကာ ပြပွဲ Gulfood 2017 သို့ သီရိလင်္ကာနိုင်ငံရှိ အစားအသောက်နှင့် အဖျော်ယမကာ တင်ပို့သည့် ကုမ္ပဏီများက ဝင်ရောက် ပြသမည် ဖြစ်ပြီး နိုင်ငံထွက် လက်ဖက်နှင့် အစားအသောက်များ အရောင်း မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒူဘိုင်း ကမ္ဘာ့ ကုန်သွယ်ရေး စင်တာတွင် ပြုလုပ်မည့် ယင်း ပြပွဲတွင် ဝင်ရောက် ပြသနိုင်သည့် အခွင့်အရေးကို အသုံးပြုကာ ကမ္ဘာကျော် Ceylon Tea နှင့် အခြား စားသောက်ကုန်နှင့် ဆက်စပ်သည့် တင်ပို့ကုန်များအား ယူအေအီး၊ ပင်လယ်ကွေ့ ဒေသများနှင့် အခြား ကမ္ဘာ့ ဈေးကွက်များသို့ မြှင့်တင်မည် ဖြစ်ကြောင်း ယနေ့ (မတ်လ ၁၁ ရက်) တွင် ထုတ်ပြန်သည့် ကြေညာချက်၌ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ပြောကြားထားသည်။အဆိုပါ ပြပွဲသို့ သီရိလင်္ကာနိုင်ငံမှ ကုမ္ပဏီ ၂၃ ခု၊ လက်ဖက် တင်ပို့သည့် ကုမ္ပဏီ ၁၉ ခုက ၎င်းတို့၏ ထုတ်ကုန် အမျိုးမျိုး ခင်းကျင်းပြသမည် ဖြစ်ကြောင်း သိရသည်။

Gulfood 2017 တွင် နိုင်ငံပေါင်း ၁၂၀ ကျော်မှ ပြခန်းပေါင်း ၅,၀၀၀ ဖြင့် လာရောက် ပြသမည် ဖြစ်သည်။ငါးရက်ကြာ ပြုလုပ်မည့် အဆိုပါ ပြပွဲ၌ ကဏ္ဍအမျိုးမျိုးမှ ဝယ်သူနှင့် စီးပွားရေးသမား ၉၅,၀၀၀ ဦးကျော် စားသောက်ကုန် အမျိုးမျိုး လေ့လာနိုင်မည် ဖြစ်သည်။ (Xinhua)