Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် မင်္ဂလာဆောင်မှပြန်လာသည့် သတို့သမီးအရံ ၁၁ဦး ယာဉ်မတော်တဆမှုကြောင့် သေဆုံး

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ အရေးပေါ်လူနာတင်ယာဉ် ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုမြို့ ရှိ ဒေသခံမင်္ဂလာဆောင်တစ်ခုမှ ပြန်လာသည့် သတို့သမီးအရံ ၁၁ဦး သည် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ကြောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေး ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ အမျိုးသမီးများသည် ဒီဇင်ဘာ ၂၄ ရက် နှောင်းပိုင်းတွင် မင်္ဂလာဦး ဇနီးမောင်နှံ၏ အိမ်သစ်သို့ ပြန်လာနေစဉ် ၎င်းတို့စီးနင်းလာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိုးဂိတ်တစ်ခုကို ဝင်တိုက်ခဲ့ကြောင်း မြောက်ပိုင်ပြည်နယ် ဆိုင်ရာ ဖယ်ဒရယ် ယာဉ်အန္တရာယ်ကင်းရှင်းရေးတပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ Kabir Ibrahim-Daura ကပြောကြားခဲ့သည်။

၎င်းက မော်တော်ယာဉ်သည် တိုးဂိတ်ကို တိုက်မိပြီးနောက် နှစ်ခြမ်းကွဲထွက်သွားကာ အခင်းဖြစ်ပွားရာ၌ပင် အမျိုးသမီး ၈ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အခြား အမျိုးသမီး ၃ဦးမှာ ဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။

ယာဉ်အန္တရာယ်ကင်းရှင်းရေး ရဲအရာရှိ က အခြား အမျိုးသမီး ၃ဦး နှင့် အမျိုးသား ယာဉ်မောင်းသူတို့သည် ဆေးရုံ၌ ကုသမှုခံယူနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။

၎င်းက ကနဦး စစ်ဆေးတွေ့ရှိချက်များအရ အဆိုပါ ယာဉ်တိုက်မှုသည် အရှိန်လွန်မောင်းနှင်မှုကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.