Connect with us

Africa & Middle East

အသတ်ခံရသူ ဆော်ဒီသတင်းထောက်၏ မိသားစုဝင်များအား ဆော်ဒီဘုရင် နှင့် အိမ်ရှေ့မင်သား ခေါ်ယူတွေ့ဆုံ

ဆော်ဒီသတင်းထောက်၏ မိသားစုဝင်များအား ဆော်ဒီဘုရင် နှင့် အိမ်ရှေ့မင်သားတို့ ခေါ်ယူတွေ့ဆုံစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ ဘုရင် ဆယ်လ်မန် နှင့် အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန် တို့သည် အသတ်ခံရသော ဆော်ဒီသတင်းထောက် Jamal Khashoggi ၏ မိသားစုဝင် ၂ဦး နှင့် အောက်တိုဘာ ၂၃ ရက်က တွေ့ဆုံခဲ့ကြောင်း Al Arabiya သတင်း၌ဖော်ပြခဲ့သည်။

ဆော်ဒီဘုရင် နှင့်အတူ အိမ်ရှေ့မင်းသား သည် Khashoggi၏ အကိုဖြစ်သူ Sahl bin Ahmed Khashoggi နှင့် သားဖြစ်သူ Salah Jamal Khashoggi တို့အား တော်ဝင်နန်းတော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဆော်ဒီဘုရင် နှင့် အိမ်ရှေ့မင်းသားတို့သည် Jamal Khashoggi၏ မိသားစုဝင် ၂ဦးအား ဝမ်းနည်းကြေကွဲကြောင်း ပြောကြားခဲ့ပြီး Khashoggi၏ မိသားစုဝင်များကလည်း ယင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြန်ကြားခဲ့သည်ဟု သတင်း၌ပါရှိသည်။

Khashoggi သည် ဝါရှင်တန်ပို့စ်သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်ပြီး တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးအတွင်းသို့ အောက်တိုဘာ ၂ရက်တွင်ဝင်ရောက်သွားပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆော်ဒီနိုင်ငံက Khashoggi သည် ကောင်စစ်ဝန်ရုံးအတွင်း ပဋိပက္ခတစ်ခုကြောင့် သေဆုံးခဲ့ကြောင်း အောက်တိုဘာ ၂၀ ရက်အစောပိုင်းတွင်ကြေညာခဲ့သော်လည်း သေဆုံးရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားခြင်းမရှိကြောင်း သိရသည်။ (Xinhua)