Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦး သေဆုံး

ဆိုမာလီယာ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဆိုမာလီယာ နိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ Puntland ဒေသတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ ဆိုမာလီယာ နိုင်ငံ စစ်သား ၉ ဦး သေဆုံးခဲ့ကာ စစ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဧပြီလ ၂၃ ရက်နေ့က ပြောကြား ခဲ့သည်။

ရဲတပ်ဖွဲ့က ပေါက်ကွဲမှု သည် Puntland ဒေသ Bari ပြည်နယ် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းဒေသတွင် AI-Shabaab အကြမ်းဖက်အဖွဲ့အစည်း ကို တိုက်ခိုက်နေသော အစိုးရ တပ်ဖွဲ့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

AI-Shabaab လက်နက်ကိုင် အဖွဲ့အစည်း မှလည်း ယခု ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ကို ဆောင်ရွက်ခဲ့ကြောင်း ကြေညာ ခဲ့သည်။

ဆိုမာလီယာ နိုင်ငံ မှ Al-Shabaab အဖွဲ့အစည်း သည် Al-Qaeda အဖွဲ့အစည်း နှင့် အဆက်အသွယ်ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လတ်တလော နှစ်များအတွင်း ဆိုမာလီယာ နိုင်ငံ နှင့် အနီးတစ်ဝိုက်ရှိ နိုင်ငံ များတွင် အကြမ်းဖက် တိုက်ခိုက်မှု များကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။ဆိုမာလီယာ လုံခြုံရေး တပ်ဖွဲ့ နှင့် မဟာမိတ် တပ်ဖွဲ့ တို့သည် Al-Shabaab အဖွဲ့အစည်း ကိုရှင်းလင်းရန် အတွက် စစ်ဆင်ရေးများကို အဆက်မပြတ်ဆောင်ရွက်နေကြောင်း သိရှိရသည်။(Xinhua)