Connect with us

Africa & Middle East

အာဖဂန် စစ်တပ်စခန်း တိုက်ခိုက်ခံရမှုတွင် သေဆုံးသူ ၁၃၅ဦးရှိလာ

တာလီဘန်တို့တိုက်ခိုက်ခဲ့သည့် အာဖဂန်စစ်တပ်စခန်း အဝင်ဂိတ်အားတွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ်ရှိ စစ်တပ်စခန်းတစ်ခုအားဧပြီလ ၂၁ ရက်က တာလီဘန်တို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သား ၁၃၅ဦးထက်မနည်းသေဆုံးပြီး ၆၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ဧပြီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

အမည်မဖော်လိုသူ သတင်းရင်းမြစ်က Corps 209 Shaheen စစ်စခန်း တွင် ဧပြီ ၂၁ရက် ၌ လက်နက်မဲ့ စစ်သားများစွာ ဝတ်ပြုဆုတောင်းနေသော ဗလီတစ်ခု နှင် အနီးအနားရှိ ထမင်းစားခန်းတစ်ခုကို တာလီဘန်စစ်သွေးကြွ ၁၀ဦးဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။၎င်းက စစ်သွေးကြွများသည် စစ်တပ်ဝတ်စုံဝတ်ဆင်ထားကြပြီး စစ်တပ်ရှေ့ဂိတ်ဝမှ စစ်တပ်ဂျစ်ကားနှစ်စီးဖြင့် ဝင်ရောက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

လေးနာရီကြာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် စစ်သွေးကြွ ၇ဦးအား လုံခြုံရေးတပ်ဖွဲ့များက အသေပစ်သတ်နိုင်ခဲ့ပြီး အခြား စစ်သွေးကြွနှစ်ဦးမှာ အသေခံဗုံးခွဲ၍ သတ်သေခဲ့ကာ ကျန်တစ်ဦးကို အသေခံဗုံးများ တပ်ဆင်ထားသော ဝတ်စုံနှင့် အတူ ဖမ်းမိခဲ့ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။တရားဝင်သတင်းထုတ်ပြန်မှုများ မရှိသော်လည်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ နောက်ထပ် အသေးစိတ်သတင်းများ ထွက်ပေါ်နေဆဲဖြစ်ကြောင်း သိရသည်။

မကြာသေးမီက အာဖဂန်နိုင်ငံတစ်လျှောက် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချုံခိုတိုက်ခိုက်မှုများ နှင့် ကြုံတွေ့ရနေရသဖြင့် သေဆုံသူဦးရေ မြင့်တက်လာခဲ့ကြောင်း သိရသည်။အာဖဂန်နစ္စတန်လုံခြုံရေးတပ်ဖွဲ့က အမေရိကန်နိုင်ငံ နှင့် နေတိုး တပ်ဖွဲ့များထံမှ လုံခြုံရေးတာဝန်ကို အပြည့်အဝလွှဲပြောင်းယူခဲ့သော ၂၀၁၅ခုနှစ်ကတည်းက စ၍ တာလီဘန်စစ်သွေးကြွတို့၏ အကြမ်းဖက် တိုက်ခိုက်မှုများ ပိုမို များပြားလာခဲ့ကြောင်း သိရသည်။ (Xihnua)