Connect with us

Africa & Middle East

ဆီယာရာလီယွန် ရွှံ့မြေပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၄၉၉ ဦးအထိရှိလာ

ဆီယာရာလီယွန်တွင် ဒေသခံ တစ်ဦးက ပစ္စည်းများ သယ်ယူရွှေ့ပြောင်းနေစဉ် (ဆင်ဟွာ)

ဖရီးတောင်း၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

ဆီယာရာလီယွန်နိုင်ငံတွင် သြဂုတ်လ ၁၄ ရက်က ရွှံ့မြေပြိုကျမှုနှင့် ရေလွှမ်းမိုးမှု ဖြစ်ပွားပြီးနောက် ရုပ်အလောင်း ၄၉၉ ဦး ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း ဒေသခံ မီဒီယာ သြဂုတ်လ ၂၀ ရက်တွင် သတင်းတင်ပြထားသည်။

သေဆုံးသူများထဲတွင် အမျိုးသား ၁၆၂ ဦး၊ အမျိုးသမီး ၁၆၃ ဦး၊ ယောကျ်ားလေး ၇၀ ဦး၊ မိန်းကလေး ၈၆ ဦးနှင့် ထပ်တိုး ၁၈ ဦး ပါဝင်ကြောင်း Awoko သတင်းစာက ရေးသားထားသည်။သြဂုတ်လ ၁၄ ရက်က ရှစ်နာရီကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် တောင်နံရံ ပြိုကျခဲ့ပြီး ဆီယာရာလီယွန်မြို့တော် ဖရီးတောင်းမြို့အစွန်ရှိ လူနေအိမ်များ ပျက်စီးကာ ဒေသခံများ သေဆုံးခဲ့ရပြီး လူဦးရေ ၂၀၀၀ ကျော် အိမ်ခြေမဲ့ဖြစ်သွားခဲ့ကြောင်း သိရသည်။

ဆီယာရာလီယွန်တွင် မြေပြိုမှုဖြစ်ပွားခဲ့သည့် နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အဆိုပါ သဘာဝဘေးကြောင့် ဆီယာရာလီယွန်နိုင်ငံ သမ္မတ Ernest Bai က သြဂုတ်လ ၁၅ ရက်က နိုင်ငံ တစ်ဝန်း ကြေကွဲဝမ်းနည်းဖွယ်ရာနေ့အဖြစ် ၇ ရက် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။သဘာဝဘေး ခံစားခဲ့ရသည့် ပြည်သူများအတွက် တရုတ်နှင့် ဂါနာ နိုင်ငံများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။ဒေသတွင်း တရုတ် ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် တရုတ် အစိုးရကလည်း ထပ်တိုး ပေးလှူခြင်းများအဖြစ် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ တစ်သန်းအား ဆီယာရာလီယွန် အစိုးရထံ ပေးအပ်မည်ဟု ဆီယာရာလီယွန်ဆိုင်ရာ တရုတ် သံအမတ်က ပြောသည်။ဂါနာနိုင်ငံကလည်း ဆီယာရာလီယွန် သဘာဝဘေးတွင် ဆုံးရှုံးနစ်နာသူများအတွက် အမေရိကန်ဒေါ်လာ တစ်သန်း တန်ဖိုးရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီ ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.