Connect with us

Africa & Middle East

ဆီးရီးယားဒုက္ခသည်များ ဂျော်ဒန်နိုင်ငံမှပြန်လည်ရောက်ရှိ

ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒါရာပြည်နယ်ရှိ နာဆစ်နယ်ခြားစခန်းကိုဖြတ်သန်း၍ ဆီးရီးယားနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြသောဆီးရီးယားဒုက္ခသည်များကို မေလ ၈ ရက်ကတွေ့ရစဉ်။(ဆင်ဟွာ)

ဒမတ်စကပ်၊မေ ၉ ရက်(ဆင်ဟွာ)

ဂျော်ဒန်နိုင်ငံနှင့်ဆီးရီးယားနိုင်ငံတောင်ပိုင်း ရှိဒုက္ခသည်စခန်းတစ်ခုမှ ဒုက္ခသည်အုပ်စုများသည် မေလ ၅ ရက်က ဆီးရီးယားနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြကြောင်းနိုင်ငံပိုင် ဆာနာ(SANA) သတင်းဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ဒုက္ခသည်များသည် ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒါရာပြည်နယ်ရှိ နာဆစ်နယ်ခြားစခန်းကိုဖြတ်သန်း၍ ဆီးရီးယားနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြကြောင်းလည်းသိရသည်။နှစ်နိုင်ငံနယ်စပ်ရှိ နာဆစ်နယ် စပ်လူကူးစခန်းကို ၂၀၁၈ ခုနှစ်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဂျော်ဒန်နိုင်ငံမှ ဒုက္ခသည် ၁၉,၆၀၀ ခန့်ပြန်လည်ရောက်ရှိပြီးဖြစ်ကြောင်းလည်း ဆာနာ သတင်းဌာနက ပြောကြားခဲ့သည်။

နာဆစ်နယ်စပ်လူကူးစခန်းကို ၂၀၁၈ ခုနှစ်၊အောက်တိုဘာလတွင်နှစ်နိုင်ငံပြန်လည်ဖွင့်လှစ်ခဲ့သည်မှစ ၍ ဆီးရီးယားဒုက္ခသည်များအစုလိုက်ပြန်လည်ရောက်ရှိမှုစတင်ခဲ့သည်။ဂျော်ဒန်နိုင်ငံမှအစီရင်ခံစာတစ် စောင်ကဂျော်ဒန်နိုင်ငံတွင်ဆီးရီးယားဒုက္ခသည် ၁ ဒသမ ၄ သန်းခန့်ရောက်ရှိနေကြောင်းလည်းခန့်မှန်း ဖေါ်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံအရှေ့တောင်ပိုင်းရှိ ရပ်ဘန်ဒုက္ခသည်စခန်း မှထွက်ခွာလာသောဆီးရီးယားဒုက္ခသည်များကို တွေ့ရစဉ်။(ဆင်ဟွာ)

ထိုအတောအတွင်း ဆာနာသတင်းဌာနက ဆီးရီးယားရွှေ့ပြောင်းဒုက္ခသည်များသည် မေလ ၈ ရက်က ဆီးရီးယားနိုင်ငံအရှေ့တောင်ပိုင်းရှိ ရပ်ဘန်ဒုက္ခသည်စခန်း မှစတင်ထွက်ခွာလာကာ ဟုမ်းစ်ပြည်နယ် ရှိအစိုးရလက်လှမ်းမီသောနယ်မြေများသို့ရောက်ရှိလာကြပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ရပ်ဘန်ဒုက္ခသည်စခန်း ကရွှေ့ပြောင်းဆီးရီးယားဒုက္ခသည် ၅၀,၀၀၀ ခန်း၏စခန်းဖြစ်ပြီး အထောက် အပံ့များပြတ်လပ်မှုကြောင့်ဆိုးရွားသောလူသားချင်းစာနာမှုအခြေအနေများကို လည်းခံစားနေကြရ ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.