Connect with us

Africa & Middle East

ကင်ညာ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွင် လူမျိုးစု နှစ်စု အကြား တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး ၂ ဦး ဒဏ်ရာရရှိ

ကင်ညာ နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင် တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ မတ်လ ၂၉ ရက် (ဆင်ဟွာ)

ကင်ညာ နိုင်ငံ ဒေသတွင်း အစိုးရ အရာရှိ တစ်ဦး က ကင်ညာ နိုင်ငံ အရှေ့မြောက်ပိုင်း Mandera ဒေသတွင်းရှိ လူမျိုးစု နှစ်စု တို့က မတ်လ ၂၈ ရက်နေ့၌ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ ဦး သေဆုံး ခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။

Mandera ဒေသ အစိုးရ အရာရှိ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် မတ်လ ၂၈ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်း ၃ နာရီ အချိန်ခန့်တွင် ဂယ်ရီ လူမျိုးစု လက်နက်ပိုင် အဖွဲ့အစည်း က ဒယ်ဂိုးဒီးယား လူမျိုးစု နေထိုင်ရာ ရွာ ကို တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ရာ ဒယ်ဂိုးဒီးယား တိုင်းရင်းသား လူမျိုး ၅ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒယ်ဂိုးဒီးယား လက်နက်ကိုင် တပ်ဖွဲ့ က ဂယ်ရီ လူမျိုးများ နေထိုင်ရာ ရွာကို ပြန်လည် တိုက်ခိုက်မှု ကြောင့် ဂယ်ရီ လူမျိုး တစ်ဦး သေဆုံးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယခု တိုက်ခိုက်မှု သည် လူမျိုးစုများအကြား လက်တုန့်ပြန်ဆောင်ရွက်မှုများ ကြောင့် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု ဖြစ်ပြီး မတ်လ ၂၇ ရက်နေ့ ၌ ဂယ်ရီ လူမျိုးများ တိုက်ခိုက်မှု ခံရခြင်း နှင့် ဆက်နွယ်နိုင်ကြောင်း ၊ တိုက်ခိုက်မှုများ မြင့်တက်မှု မဖြစ်ပွား စေရန် အတွက် ဒေသတွင်း အစိုးရ က ရဲတပ်ဖွဲ့ဝင် များ ပိုမို စေလွှတ်ထား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.