Connect with us

Africa & Middle East

အီဂျစ် တောင်ပိုင်းတွင် ဘတ်စ်ကားနှင့် ထရပ်ကား တိုက်မိ၊ လူ ၁၄ ဦး သေဆုံး

၂၀၁၆ ခုနှစ်တွင် အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှု တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုင်ရို၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ Beni Suef ပြည်နယ်တွင် ဘတ်စ်ကား တစ်စီးနှင့် ထရပ်ကား တစ်စီး တိုက်မိရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး အခြားသူ ၄၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း အီဂျစ် ကျန်းမာရေး ဝန်ကြီးဋ္ဌာနက သြဂုတ်လ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

ကိုင်ရိုမြို့တော်မှ ၁၄၈ ကီလိုမီတာအကွာတွင် အဆိုပါ ဘတ်စ်ကားနှင့် ထရပ်ကားတို့ တိုက်မိပြီးနောက် Beni Suef အရှေ့ပိုင်းလမ်းရှိ တံတားပေါ်မှ ပြုတ်ကျသွားခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတော်တဆမှု ဖြစ်ပွားရာနေရာသို့ စုစုပေါင်း လူနာတင်ကား ၂၃ စီး စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အီဂျစ်နိုင်ငံတွင် အဝေးပြေးလမ်း စောင့်ကြည့်ရေးစနစ် အားနည်းခြင်း၊ လမ်းများ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းနှင့် ယာဉ်စည်းကမ်း ပေါ့ဆမှုများကြောင့် လမ်း မတော်တဆမှု ဖြစ်ပွားလေ့ရှိသည်။

အီဂျစ်တွင် နှစ်စဉ် လမ်းမတော်တဆမှုများကြောင့် လူ့အသက်ပေါင်း ၁၂၀၀၀ ခန့် ဆုံးရှုံးလျက်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က မကြာသေးမီက ထုတ်ပြန်လိုက်သည့် အစီရင်ခံစာအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.