Connect with us

Africa & Middle East

တူရကီနယ်စပ်တွင် ဗုံးပေါက်ကွဲမှုကြောင့် သူပုန် အယောက် ၃၀ သေဆုံး

ဆီးရီးယား သူပုန်အဖွဲ့ဖြစ်သည့် Jaish al-Fatah အဖွဲ့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒမတ်စကတ်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ နှင့် တူရကီနိုင်ငံကြား သူပုန်များ ထိန်းချုပ်ထားသည့်နယ်စပ်ဒေသ တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ဆီးရီးယားသူပုန် အယောက် ၃၀ ထက်မနည်းသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ဆယ်ဂဏန်း ရှိကြောင်း တက်ကြွလှုပ်ရှားသူ အဖွဲ့က သတင်းဖော်ပြခဲ့သည်။

နောက်ထပ် တက်ကြွလှုပ်ရှားသူ အဖွဲ့တစ်ခု ဖြစ်သည့် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ကလည်း ဗုံးပေါက်ကွဲမှုအား အတည်ပြုခဲ့ပြီး တူရကီနိုင်ငံပိုင်နက်မှ ဆီးရီးယားနိုင်ငံ သို့ မောင်းနှင်လာသည့် ဆီးရီးယားသူပုန်များ လိုက်ပါလာသည့် ဘတ်စ်ကား အတွင်း အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တစ်ခုက ယင်းပေါက်ကွဲမှုအတွင်း တူရကီနယ်ခြားစောင့် တပ်ဖွဲ့အချို့ သေဆုံးခဲ့ကြောင်း နှင့် ပေါက်ကွဲမှု သည် နှစ်နိုင်ငံ နယ်စပ် တူရကီနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆီးရီးယား ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း သူပုန်အချင်းချင်း တင်းမာမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တူရကီနိုင်ငံ နယ်စပ်အနီးတွင် ဗုံးပေါက်ကွဲမှု များစွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆီးရီးယား အစိုးရသည် တူရကီနိုင်ငံပိုင်နက်မှ သူပုန်များ ဆီးရီးယားဘက်သို့ အလွယ်တကူဝင်ရောက်လာခြင်း အတွက် တူရကီနိုင်ငံအား ကာလကြာမြင့်စွာစွပ်စွဲပြောခဲ့ကြောင်းသိရသည်။
ဆီးရီးယား သူပုန်အဖွဲ့ဖြစ်သည့် Jaish al-Fatah အဖွဲ့သည် ဆီးရီးယားနိုင်ငံ Idlib မြို့၏ အစိတ်အပိုင်း အများအပြားအား ထိန်းချုပ်ထားပြီး အစိုးရသစ္စာခံ များ နေထိုင်လျက်ရှိသည့် မြို့များစွာကိုလည်း ထိန်းချုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.