Connect with us

Africa & Middle East

မာလီ နိုင်ငံ ရှိ အပန်းဖြေ စခန်း တစ်ခု တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီး ၉ ဦးသေဆုံး

မာလီ နိုင်ငံ ရှိ ဟိုတယ် တစ်ခု တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့စဉ် (ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

မာလီ နိုင်ငံ လုံခြုံရေး နှင့် ပြည်သူ့ကာကွယ်ရေး ဌာန ဝန်ကြီး Salif Traore က ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းတွင် မာလီ နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ အပန်းဖြေ စခန်း တစ်ခု တွင် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပြီး တိုက်ခိုက်မှု ကြောင့် အကြမ်းဖက် သမား ၄ ဦး အပါအဝင် စုစုပေါင်း ၉ ဦးသေဆုံးခဲ့ကြောင်း ဇွန်လ ၁၉ ရက်နေ့၌ အတည်ပြုပြောကြား ခဲ့သည်။

Traore က ယခု ဖြစ်ပွား ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် အပန်းဖြေ စခန်းရှိ ခရီးသွား ၄ ဦး နှင့် လုံခြုံရေး တပ်ဖွဲ့ မှ တပ်သား တစ်ဦး သေဆုံး ခဲ့ပြီး အကြမ်းဖက် သမား ၄ ဦး ကို ပစ်သတ် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။ မာလီ နိုင်ငံ သန့်ရှင်းရေး နှင့် ပြည်သူ့ကျန်းမာရေး ဌာန ဝန်ကြီး က ဒဏ်ရာရရှိသူ များ အားလုံး မှာ အသက် အန္တရာယ် မစိုးရိမ် ရတော့ကြောင်း ပြောကြား ခဲ့သည်။

Al-Qaeda အကြမ်းဖက် အဖွဲ့အစည်း နှင့် အဆက်အသွယ် ရှိသည့် “အစ္စလမ် နှင့် မွတ်စလင် ထောက်ခံရေး” အကြမ်းဖက် အဖွဲ့အစည်း သည် ဇွန်လ ၁၉ ရက်နေ့ က လူမှုကွန်ယက် စာမျက်တွင် ယခု အကြမ်းဖက် တိုက်ခိုက်မှု ကို စီမံဆောင်ရွက် ခဲ့ကြောင်း ကြေညာ ခဲ့သည်။ ယင်းအကြမ်းဖက် အဖွဲ့အစည်း သည် ၂၀၁၇ ခုနှစ် မတ်လ ပိုင်းတွင် စတင်ဖွဲ့စည်း ခဲ့သည့် အကြမ်းဖက် အဖွဲ့အစည်း ဖြစ်သည်။

မာလီ နိုင်ငံ တွင် ယခင် အကြိမ်က အကြမ်းဖက် တိုက်ခိုက်မှု သည် ၂၀၁၆ ခုနှစ် မတ်လ ပိုင်းတွင် ဖြစ်ပွား ခဲ့ပြီး ထိုစဉ် က အကြမ်းဖက် သမားများသည် မာလီ နိုင်ငံ အခြေစိုက် အီးယူ စစ်ရေးလေ့ကျင့်မှု အဖွဲ့ တည်းခိုရာ ဟိုတယ် ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.