Connect with us

Africa & Middle East

တောင်ဆူဒန်နိုင်ငံတွင်လူမျိုးစုပဋိပက္ခဖြစ်ပွားမှုကြောင့် လူပေါင်း တစ်ရာကျော် သေဆုံးဒဏ်ရာ ရမှုများ ဖြစ်ပွား

တောင်ဆူဒန် ဒုက္ခသည်စခန်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ဂျူဘာ၊ ဇန်နဝါရီ ၁၀ ရက်(ဆင်ဟွာ)

တောင်ဆူဒန်နိုင်ငံ အရှေ့ပိုင်းဒေသရှိ မွေးမြူရေးသမားများကို ယခုရက်ပိုင်းများတွင် Murle လူမျိုးစု လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ရာ အနည်း လူ ၄၂ ဦး သေဆုံးပြီး ၇၈ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အစိုးရ အရာရှိတစ်ဦးက ဇန်နဝါရီ ၉ ရက်တွင်ပြောကြားခဲ့သည်။

Murle လူမျိုးစု လက်နက်ကိုင်များက ဇန်နဝါရီ ၆ ရက်တွင် တောင်ဆူဒန်နိုင်ငံ အရှေ့ပိုင်း Akobo နှင့် Nyirol ဒေသများသို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပဋိပက္ခဖြစ်ပွားမှုသည် အရှိန်အဟုန်မြင့်တက်လာ ကြောင်း Akoboပြည်နယ် ပြည်နယ်မှူး Johnson Gony Bilu က ဆင်ဟွာကို ပြောကြားခဲ့သည်။ သေဆုံးဒဏ်ရာရသူ အများစုမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း၊ လူသေဆုံးဒဏ်ရာရမှု များအပြင် နွား အကောင် ၁၀၀ ကျော်လည်း လုယက်ခံရကြောင်းသိရသည်။

တောင်ဆူဒန်နိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ကြောင်း ၊ နိုင်ငံအတွင်း လူမျိုးစုများ အကြား စားကျက်မြက်ခင်း ၊ရေအရင်းအမြစ်နှင့် မွေးမြူရေးတိရစ ္ဆာန်စသည့် ပိုင်ဆိုင်မှုများအတွက် အမြဲအငြင်းပွားလျက်ရှိရာ ယခုနှစ်ပိုင်းများတွင် သွေးထွက်သံယို ပဋိပက္ခ အကြိမ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.