Connect with us

Africa & Middle East

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(DRC) ၏ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ်လောင်း ဖြစ်သူ Felix Tshisekedi က အနိုင်ရရှိ

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(DRC) ၏ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည့် Felix Tshisekedi အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ကင်ရှာဆာ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(DRC) ၏ သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံကိုယ်စားလှယ်လောင်း ဖြစ်သူ ရှိဆက်ကေဒီဖိလစ် (Felix Tshisekedi) က အနိုင်ရရှိသွားခဲ့ကြောင်း ဇန်နဝါရီလ ၁၀ ရက် နေ့ နံနက် တွင် ရွေးကောက်ပွဲကော်မရှင် ၏ကြားဖြတ်ထုတ်ပြန်ကြေညာချက်အရ သိရသည်။

လွတ်လပ်သောအမျိုးသားရွေးကောက်ပွဲကော်မရှင်(CENI) ၏ ထုတ်ပြန်ထုတ်ပြန်ကြေညာချက်အရ ဖိလစ်ရှိဆက်ကေဒီ သည် ထောက်ခံမဲပေါင်း ၇ သန်းကျော် သို့မဟုတ် စုစုပေါင်းမဲအရေအတွက် ၏ ၃၈ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။

DRC အနေဖြင့် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နေ့ တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရလဒ်များ ကို ဇန်နဝါရီလ ၆ ရက်နေ့တွင် ကြေညာရန်လျာထားခဲ့သည်။ သို့သော် CENI အနေဖြင့် အချက်အလက်စုဆောင်းခြင်း နှင့် ပတ်သက်၍ အခက်အခဲရှိသည့်အတွက် ကြေညာခြင်းမပြုနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.