Connect with us

Media

တူရကီလေကြောင်းလိုင်းက လစ်ဗျားနိုင်ငံသို့ လေကြောင်းခရီးစဉ်များ ၁၀ နှစ်ကြာ ရပ်ဆိုင်းပြီးနောက် ပြန်လည်စတင်

ထရီပိုလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ)
လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီရှိ Mitiga နိုင်ငံတကာလေဆိပ်သို့ တူရကီလေကြောင်းလိုင်းက လေကြောင်း ပြေးဆွဲမှု ၁၀ နှစ်ကြာ ရပ်ဆိုင်းပြီးနောက် မတ် ၂၈ ရက်တွင် စီးပွားဖြစ်လေကြောင်းခရီးစဉ်များ ပြန်လည် စတင်ခဲ့ကြောင်း လစ်ဗျားသယ်ယူပို့ဆောင်ရေးဝန်ကြီး Mohamed al-Shohobi က သတင်းစာရှင်းလင်းပွဲတွင် ကြေညာခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ထရီပိုလီမြို့နှင့်အနီးတစ်ဝိုက်တွင် ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နိုင်ငံခြားကုမ္ပဏီများနှင့်လေကြောင်းလိုင်းအများအပြား နိုင်ငံမှ ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
Turkish Airlines resumes flights to Libya after 10-year hiatus
Turkish Airlines on Thursday resumed commercial flights to the Mitiga International Airport in the Libyan capital Tripoli, after a hiatus of 10 years, Mohamed al-Shohobi, the Libyan minister of transportation, announced in a press conference.
In 2014, violent clashes erupted between rival armed factions in and around Tripoli, forcing many foreign companies and airlines to flee the country.
Xinhua News Agency correspondents reporting from Tripoli.(XHTV)