Connect with us

Africa & Middle East

နမီးဘီးယားနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ရေး လုပ်ဆောင်ရန် တရုတ် အသင့်ရှိကြောင်း ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ ပြောကြား

တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိ (ဝဲ) နှင့် နမီးဘီးယားနိုင်ငံ သမ္မတ Hage Geingob တို့ သြဂုတ်လ ၂၈ ရက်က နမီးဘီးယားနိုင်ငံ ဝင်းဒို့ခ်မြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝင်းဒို့ခ်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

နမီးဘီးယားနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေး လုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အသင့်ရှိကြောင်း တရုတ် ဒုတိယ ဝန်ကြီးချုပ် ကျန်းကောလိက သြဂုတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံရေးဗျူရို အမြဲတမ်း ကော်မတီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ကျန်းသည် နမီးဘီးယားနိုင်ငံ သမ္မတ Hage Geingob နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်ရဲ့ အခု ခရီးစဉ် ရည်ရွယ်ချက်ကတော့ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အဓိက သဘောတူညီချက် ထွက်ရှိလာရေးအတွက် နမီးဘီးယားနဲ့အတူတကွ လုပ်ဆောင်ဖို့နဲ့ အစဉ်အဆက် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာရေး၊ နမီးဘီးယားတွင် ပြုလုပ်ခဲ့သော FOCAC ဂျိုအန်နက်စ်ဘာ့ခ် ထိပ်သီး အစည်းအဝေး ရလဒ်များအရ နယ်ပယ်များစွာ၌ နက်ရှိုင်းစွာ ဖလှယ်ခြင်းများနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” ဟု ကျန်းက ဆိုသည်။

တရုတ်နိုင်ငံသည် နမီးဘီးယားနှင့် ဆက်ဆံရေးအား မဟာဗျူဟာကျသော ကာလရှည် ရှုထောင့်မှတစ်ဆင့် ရှုမြင်ကြောင်းနှင့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီအစ်ကိုကောင်းအဖြစ် မှတ်ယူကြောင်း၊ တရုတ်နှင့် နမီးဘီးယားနိုင်ငံတို့သည် နိုင်ငံတကာရေးရာများအား အလေးထားခြင်း၊ ဖွံ့ဖြိုးဆဲ ကမ္ဘာအတွက် ဥပဒေ အခွင့်အရေးများ ကာကွယ်ပေးရေးအတွက် ပူးတွဲအားထုတ်ခဲ့ကြ ကျန်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ အခြေခံ အဆောက်အအုံ၊ စွမ်းအင်၊ နည်းပညာ၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုဝန်ထမ်းနှင့် တရားရေး စသည့် အခြား နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှု ချုဲ့ထွင်သင့်ကြောင်း ကျန်းက ပြောသည်။

နမီးဘီးယားနိုင်ငံသည် ကူဝိတ်၊ ဆော်ဒီအာရေဗျနှင့် ဆူဒန်နိုင်ငံပြီးနောက် ကျန်း၏ လေးနိုင်ငံ ခရီးစဉ်အတွင်း နောက်ဆုံး ခရီးဖြစ်သည်။

နမီးဘီးယားတွင် ရှိနေစဉ်အတွင်း ၎င်းသည် နမီးဘီးယားနိုင်ငံတွင် တရုတ် ရင်းနှီးမြှုပ်နှံထားသည့် အဓိက စီမံကိန်း နှစ်ခုဖြစ်သော Husab ယူရေနီယံ သတ္တုတွင်းနှင့် Walvis Bay Port သို့လည်း သွားရောက်လေ့လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.