Connect with us

Africa & Middle East

အစ္စရေးနိုင်ငံအထွေထွေရွေးကောက်ပွဲ စတင်

အစ္စရေးအထွေထွေရွေးကောက်ပွဲအတွက် အပြာ နှင့် အဖြူရောင် နိုင်ငံရေးမဟာမိတ်အဖွဲ့ ခေါင်းဆောင် Benny Gantz က တဲလ်အဗစ်မြို့ တော်၌ ဆိုင်ကယ်ဖြင့် မဲဆွယ်မှု ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံသည် လာမည့် ပါလီမန် နှင့် ဝန်ကြီးချုပ် ရာထူးအတွက် ယနေ့ဧပြီ ၉ ရက်တွင် နိုင်ငံအနှံ့အပြား၌ တစ်ရက်တာ အချိန်ကြာကြာမဲပေးရသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက် ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၁ဝ,၇၂၀ ရုံ၌ ဒေသစံတော်ချိန် နံနက် ၇ နာရီတွင် မဲပေးမှုစတင်ခဲ့ပြီး ၊ မဲပေးမှုမှာ ည ၁ဝ နာရီတွင် အဆုံးသတ်မည်ဖြစ်ကြောင်း နှင့် သက်တော်ရှည်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ Likud ပါတီ နှင့် ယခင် စစ်တပ်အကြီးအကဲဟောင်း Benny Gantz ၏ ပါတီသစ်တို့အကြား အပြိုင်နွှဲရမည်ဖြစ်ကြောင်း သိရသည်။

အစ္စရေးဗဟိုရွေးကောက်ပွဲကော်မတီ၏ ထုတ်ပြန်ချက်အရ မဲပေးခွင့်ရှိသည့် အစ္စရေးပြည်သူအရေအတွက်မှာ ၆.၃၄ သန်းရှိကြောင်း နှင့် Knesset ပါလီမန် လွှတ်တော်တစ်ရပ်တည်းအတွက် မဲဆန္ဒနယ်ပေါင်း ၁၂ဝ တွင် နိုင်ငံရေးပါတီပေါင်း ၄ဝ ကျော်ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မကြာသေးမီက ကောက်ယူခဲ့သော မဲစစ်တမ်းများအရ Gantz၏ အလယ်အလတ်ဝါဒီ အပြာ နှင့် အဖြူ ရောင် နိုင်ငံရေးမဟာမိတ်အဖွဲ့က အမတ်နေရာ ၃ဝ နှင့် နေတန်ယာဟု၏ လက်ယာယိမ်း Likud ပါတီက အမတ်နေရာ ၂၈ ခုတွင် အနိုင်ရရန် အပြိုင်ဖြစ်နေကြောင်း ဖော်ပြထားသည်။

အသက် ၄၃ နှစ် အရွယ် Adam Cohen က ယနေ့ဧပြီ ၉ ရက် နံနက်ပိုင်းတွင် တဲလ်အဗစ်မြို့ရှိ မဲရုံတစ်ခု၌ သွားရောက်မဲပေးခဲ့ကြောင်း နှင့် အပြာနှင့်အဖြူရောင်ပါတီ အတွက် မဲပေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

Adam က ၎င်းအတွက် အရေးအကြီးဆုံးမှာ နေတန်ယာဟုနေရာတွင် အစားထိုးသွားရန်ဖြစ်ကြောင်း ၊ အကြောင်းမှာ နေတန်ယာဟုနှင့်အတူ အကျင့်ပျက်ခြစားမှုများမှာ အတွဲလိုက်ဖြစ်ပေါ်နေကြောင်း ဆိုခဲ့သည်။

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် အစ္စရေးရှေ့နေချုပ်က နေတန်ယာဟုအား မတူကွဲပြားသော အကျင့်ပျက်လာဘ်စားမှုသုံးခု ၊ အလွဲသုံးစားမှု နှင့် ယုံကြည်မှုကိုဖောက်ဖျက်မှု တို့ဖြင့် တရားစွဲဆိုသွားရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။

Adamက ခေါင်းဆောင်သစ်အနေဖြင့် အစ္စရေးနိုင်ငံအတွက် ငြိမ်းချမ်းရေး နှင့် သာယာဝပြောရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.