Connect with us

Africa & Middle East

ဘင်္ဂလားဒေ့ရှ် အနောက်ပိုင်းတွင် အသေခံဗုံးခွဲမှုကြောင့် စစ်သွေးကြွ ၄ဦးအပါအဝင် မီးသတ်သမား ၁ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ မေ ၁၁ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့ အနောက်ဘက် ၂၅၆ကီလိုမီတာ အကွာ Rajshahi ခရိုင် ရှိ အကြမ်းဖက်သမားများ ခိုအောင်းနေသော လျှို့ဝှက်နေအိမ်တစ်လုံးအား မေ ၁၁ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းစဉ် အသေခံဗုံးဖောက်ခွဲမှုကြောင့် စစ်သွေးကြွ ၄ဦး အပါအဝင် မီးသတ်သမား ၁ဦး သေဆုံးခဲ့ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Rajshahi ခရိုင် Godagari ရဲစခန်း တာဝန်ခံ ရဲအရာရှိ Hibjur Alam Munsi က သတင်းပေးချက်အရ အဆိုပါ နေအိမ်အား မေ ၁၁ ရက် အစောပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းထားခဲ့ကြောင်း ပြောကြားခဲ့သည်။

အမည်အဖော်လိုသူ အခြားရဲအရာရှိတစ်ဦးက Neo-JMB အကြမ်းဖက်အုပ်စု ခိုအောင်းနေသည့် နေအိမ်အား မေလ ၁၁ ရက် နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့များက ဝင်ရောက်စီးနင်းရန် ကြိုးစားစဉ် အကြမ်းဖက်သမား ၄ဦးက အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဗုံးပေါက်ကွဲမှုကြောင့် မီးသတ်သမားတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး ယင်းဒဏ်ရာများကြောင့် ဆေးရုံ၌ပင် သေဆုံးသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့များက နေအိမ်အား ဝိုင်းထားစဉ် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိကပြောကြားခဲ့သည်။

Neo-JMB အုပ်စုသည် Jamaatul Mujahideen Bangladesh အကြမ်းဖက်အဖွဲ့၏ အစွယ်အပွားအကြမ်းဖက် အုပ်စုဖြစ်ပြီး Jamaatul Mujahideen Bangladesh အဖွဲ့သည် ဒါကာမြို့ရှိ စပိန်ကော်ဖီဆိုင်တစ်ခုတွင် ၂၀၁၆ခုနှစ် ဇူလိုင် ၁ရက် က နိုင်ငံခြားသားအများစု အပါအဝင် လူ ၂၂ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုအား လုပ်ဆောင်ခဲ့သော အဖွဲ့ဖြစ်ကြောင်း သိရသည်။

နိုင်ငံ အနောက်ပိုင်း Jhenidah ခရိုင်အား မေ ၇ရက်တွင် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ရာ အကြမ်းဖက်သမားဟု ယူဆရသူ ၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ က အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်မှုများစွာလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်သမားအဖြစ် သံသယရှိသူများစွာကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.