Connect with us

Africa & Middle East

ဘာ့ကီးနား ဖာဆို နိုင်ငံ တွင် တိုက်ခိုက်မှု ဖြစ်ပွား ၁၂ ဦး သေဆုံး

၂၀၁၈ ခုနှစ် မတ်လ ၂ ရက် က ဘာ့ကီးနားဖာဆို နိုင်ငံ မြို့တော် တွင် တိုက်ခိုက်မှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

လိုမေ ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ဘာ့ကီးနား ဖာဆို နိုင်ငံ လုံခြုံရေး ဌာန ၏ ဇန်နဝါရီ ၁၁ ရက် ညပိုင်း ထုတ်ပြန် ခဲ့သည့် ကြေညာချက်အရ နိုင်ငံမြောက်ပိုင်း Soum ပြည်နယ် ရှိ ကျေးရွာ တစ်ခု ၌ ဇန်နဝါရီ ၁၀ ရက် တွင် တိုက်ခိုက်မှု အတွင်း လူ အနည်းဆုံး ၁၂ ဦး သေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက်တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင် ၃၀ ကျော် က ကျေးရွာ အား တိုက်ခိုက် ခဲ့ပြီး ရွာကို မီးရှို့ ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံး ခဲ့သည့် အပြင် လက်နက်ကိုင် အဖွဲ့ က မော်တော်ဆိုင်ကယ် နှင့် နွား စသည် တို့ကိုလည်း ယူဆောင်သွားကြောင်း ပါဝင် သည်။

လက်ရှိချိန်တွင် ယင်း တိုက်ခိုက်မှု နှင့် ပတ်သက်၍ မည်သည့် အဖွဲ့အစည်း က မှ ၎င်းတို့ ၏ လက်ချက် ဖြစ်သည် ဟု ကြေညာ ထားခြင်း မရှိပေ။၂၀၁၅ ခုနှစ် မှ စတင်၍ ဘာ့ကီးနား ဖာဆို နိုင်ငံ တွင် တိုက်ခိုက်မှု များ မကြာခဏ ဖြစ်ပွား လေ့ရှိပြီး လုံခြုံရေး အခြေအနေ မှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွား လာခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် မတ်လ ၂ ရက် တွင် နိုင်ငံ မြို့တော် ရှိ အစိုးရ ဌာန ချုပ် နှင့် ပြင်သစ် နိုင်ငံ သံရုံး တို့ မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့ ၏ တိုက်ခိုက်ခြင်း ခံခဲ့ရပြီး အစိုးရ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.