Connect with us

Africa & Middle East

ဆိုမာလီဝန်ကြီးတစ်ဦးအား ပစ်သတ်ခဲ့သည့် စစ်သားတစ်ဦးအား တရားရုံးက သေဒဏ်ချမှတ်

စစ်သား၏ လုပ်ကြံ ပစ်သတ်ခံရသည့် ဆောက်လုပ်ရေး နှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီး Abass Abdulahi Siraj အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မိုဂါဒစ်ရှူး၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

မိုဂါဒစ်ရှူးမြို့ တရားရုံးတစ်ခု က မေလ အစောပိုင်းတွင် ဆောက်လုပ်ရေး နှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီး Abass Abdulahi Siraj အား ပစ်သတ်ခဲ့သည့် စစ်သားတစ်ဦးအား ဇွန်လ ၁၉ ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်ခုံရုံး သဘာပတိ ဗိုလ်မှူးကြီး Hassan Ali Nur ‘Shute’ က ခုံရုံးအနေဖြင့် စစ်သား Ahmed Abdullahi Abdi သည် ဝန်ကြီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်သတ်ခဲ့သည့်အမှု၌ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သည်ဟုပြောကြားခဲ့သည်။

Shute က အသက် ၂၉ နှစ်အရွယ် Abdi ၏ အမှုကို ကြားနာပြီးနောက် ဆောက်လုပ်ရေး နှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီး Siraj အား ပစ်သတ်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း က မျက်မြင်သက်သေများ နှင့် သက်သေပစ္စည်းများ အရ စစ်သားသည် သေနတ်ကျည်ဆန် နှစ်ချက် ပစ်ခတ်ခဲ့ပြီး တစ်ချက်မှာ ဝန်ကြီး၏ ဦးခေါင်းကို ထိမှန်ပြီး သေဆုံးသွားစေခဲ့ကြောင်း ပြောကြားခဲ့သည်။ ခုံရုံးက အခြားစစ်သားတစ်ဦးဖြစ်သည့် Osman Salad Bare အား အမှုမှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ဆောက်လုပ်ရေး နှင့် ပြန်လည်ထူထောင်ရေး ဝန်ကြီး Abass Abdulahi Siraj သည် ဆိုမာလီအစိုးရ ဝန်ကြီးများအနက် အသက်အငယ်ဆုံးဝန်ကြီး တစ်ဦးဖြစ်ကြောင်း သိရသည်။ လူသတ်သမားသည် သမ္မတနန်းတော် ဧရိယာအနီးတွင် နေရာယူ၍ ဝန်ကြီး အား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းအမှုအား မေလ ၃ ရက် နေ့ကတည်းက စတင်စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.