Connect with us

Africa & Middle East

ယီမင်တောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့ နှင့် သူပုန်များအကြား တိုက်ပွဲများဖြစ်ပွားရာ လူ အများအပြားသေဆုံး

ယီမင်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ/AFP)

ဆာနား၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်တွင် မတ် ၃၁ ရက် က တိုက်ပွဲတစ်ခုအတွင်း အနည်းဆုံး စစ်သား ၁၃ဦး နှင့် ဟူသီသူပုန် အများအပြား သေဆုံးခဲ့ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

သူပုန်များ ထိန်းချုပ်ထားသော မြို့တော် ဆာနားမြို့ တောင်ဘက် ၂၄၅ကီလိုမီတာအကွာ Dhalea မြို့ မြောက်ဘက် ရှိ နေရာအများအပြားကို လွန်ခဲ့သည့် ၃ရက်က သူပုန်များက သိမ်းပိုက်ခဲ့ပြီးနောက် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ် ၃၁ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်သွေးကြွများစွာသေဆုံးခဲ့ပြီး သူပုန်များထံမှ နေရာအများအပြားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

ဟူသီသူပုန်များသည် ဆော်ဒီကကျောထောက်နောက်ခံပေးထားပြီး နိုင်ငံတကာကအသိအမှတ်ပြုထားသော သမ္မတ Abd-Rabbu Mansour Hadi ၏ အစိုးရအဖွဲ့ကို ၂၀၁၄ခုနှစ် နှောင်းပိုင်းမှစ၍ ဆန့်ကျင်ပုန်ကန်ခဲ့ပြီးနောက် ယီမင်နိုင်ငံတွင် ပြည်တွင်းစစ်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117