Connect with us

Africa & Middle East

မော်ရိုကို နိုင်ငံ၌ ကမ္ဘာ့လှည့် ခရီးသွား နှစ်ဦး အသတ်ခံရမှု တရားစွဲဆို စစ်ဆေး

မော်ရိုကို နိုင်ငံ ၊ Marrakech မြို့ အား တွေ့ ရစဉ်(ဆင်ဟွာ)

ရာဘတ် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

မော်ရိုကို နိုင်ငံ၌ ကမ္ဘာ့လှည့် ခရီးသွားအများအပြား လာရောက်ကြသည့် Marrakech မြို့အနီးတွင် ကမ္ဘာလှည့် ခရီးသွား နှစ်ဦးအား သတ်ဖြတ်ခံရမှုအား တရားရုံးတွင် စစ်ဆေးရန် အတွက် ဆွစ်ဇာလန် လူမျိုး စပိန် နိုင်ငံသား တစ်ဦး အပါအဝင် သံသယ ရှိသူ ၇ ဦးကို ဇန်နဝါရီလ ၃ ရက်တွင် တရားစွဲလိုက်ကြောင်း သိရသည်။

ရာဘတ်မြို့တော်ရှိ အယူခံ တရားရုံးတွင် ရှေ့နေချုပ်၏ ကြေညာချက် အရ အစိုးရ ရှေ့နေများရုံးက အမှုစစ်ဆေးမည့် တရား သူကြီး အား သံသယ ရှိသူများ အနေဖြင့် အကြမ်းဖက် လုပ်ရပ်များကို ပြင်ဆင်ရန် နှင့် ကျူးလွန်ရန် ဂိုဏ်းဖွဲ့ဆောင်ရွက်မှု အကြမ်း ဖက် လုပ်ရပ်များအား ထောက်ခံသူများ ထံမှ အကူအညီ ကြိုတင် ရယူမှု နှင့် အကြမ်းဖက် အဖွဲ့အစည်း တစ်ရပ် တွင် ပါဝင်ရန် လေ့ကျင့် သင်တန်းပေးမှု စသည့် အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်ခဲ့ခြင်း ရှိ/မရှိ စုံစမ်း စစ်ဆေးရန် တောင်းဆို ခဲ့သည်။

ထိုရှေ့နေချုပ်က Marrakech မြို့၏ ၆၀ ကီလိုမီတာ ကွာဝေးသော အယ်လ်မလီ ခရီးသွားရွာ အနီး တွင် ဒီဇင်ဘာ ၁၇ ရက်တွင် နော်ေ၀ နှင့် ဒိန်းမတ် နိုင်ငံသူ ကမ္ဘာလှည့် ခရီးသွား အမျိုးသမီး ၂ ဦး အသတ်ခံမှု နှင့် ချိတ်ဆက်မှု ရှိသည့် သံသယ ရှိသူ ၁၅ ဦးအား ဒီဇင်ဘာ ၃၀ ရက်တွင် ဖော်ထုတ်ခဲ့သည်။

အစိုးရ ရှေ့နေက သံသယ ရှိသူ ၇ ဦးကို ဖမ်းဆီးရန် တရားသူကြီး၏ အမိန့်များကို စစ်ဆေးသွားရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

မော်ရိုကို နိုင်ငံ၌ ၂၀၁၁ ခုနှစ် ဧပြီလတွင် အကြမ်းဖက် တိုက်ခိုက်မှု နောက်ဆုံး ဖြစ်ပွားခဲ့ပြီး Marrakech မြို့ရှိ ကမ္ဘာလှည့် ခရီးသွားများ အကြား ကျော်ကြားသော ကော်ဖီဆိုင် တစ်ဆိုင်တွင် အသေခံ ဗုံးသမားဟု သံသယရှိသူ၏ ဗုံးဖောက်ခွဲခဲ့မှုကြောင့် ၁၇ ဦး သေဆုံးခဲ့ကာ အခြားလူများစွာကိုလည်း ဒဏ်ရာရစေခဲ့ကြောင်း သိရသည်။(Xinhua)