Connect with us

Africa & Middle East

အီရန် ထိန်းသိမ်းထားသည့် တောင်ကိုရီးယား သင်္ဘောအတွက် ဟောမုဇ်ရေလက်ကြားသို့ တောင်ကိုရီးယားစစ်သင်္ဘော အလျင်အမြန် သွားရောက်

Cheonghaeရေတပ်ဖွဲ့ ဖျက်သင်္ဘော”Cui Ying”အား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန်က ထိန်းသိမ်းထားသည့် တောင်ကိုရီးယားနိုင်ငံပိုင် ဓာတုပစ္စည်း သယ်ယူပို့ဆောင်ရေးသင်္ဘောကိစ္စနှင့်စပ်လျဉ်း၍ ဖြေရှင်းရန် တောင်ကိုရီးယားနိုင်ငံ၏ ဆိုမာလီယာ ဧဒင်ပင်လယ်ကွေ့ အခြေစိုက် Cheonghae ရေတပ်ဖွဲ့ ဖျက်သင်္ဘော”Cui Ying”သည် ဇန်နဝါရီ ၅ ရက်က ဟောမုဇ်(Hormuz)ရေလက်ကြားအနီးပင်လယ်ပြင်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

Cheonghae တပ်ဖွဲ့သည် ဇန်နဝါရီ ၅ ရက် မနက်ပိုင်းက အချင်းဖြစ်ပွားရာ ပင်လယ်ပြင်တွင် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရအရာရှိက ယင်းနေ့၌ ပြောကြားခဲ့သည်။ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေး သင်္ဘော Hankuk Chemi သည် လွန်ခဲ့သည့်ရက်က ဟောမုဇ် ရေလက်ကြားအနီး အိုမန်ဘက်အခြမ်း ပင်လယ်ပြင်တွင် မောင်းနှင်နေစဉ် အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား(၅)ဦး အပါအဝင် သင်္ဘောသား (၂၀) ပါဝင်ကြောင်း သိရသည်။

”Cui Ying”ဖျက်သင်္ဘောသည် ဘာရိန်းအခြေစိုက် Combined Maritime Forces (CMF)၊ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်ကိုရီးယား ပင်လယ်နှင့်ရေလုပ်ငန်းဝန်ကြီးဌာန စသည့် သက်ဆိုင်ရာ ဌာနများနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ အခြေအနေကို ဖြေရှင်းလျက်ရှိကြောင်း သိရသည်။ ထို့မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦး၏ ပြောကြားချက်အရ သင်္ဘောသားများ၏ လုံခြုံရေးကို တောင်ကိုရီးယားဘက်မှ အတည်ပြုနေကြောင်းနှင့် ထိန်းသိမ်းထားသည့် သင်္ဘောကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။ တောင်ကိုရီးယား ကုန်သွယ်ရေး သင်္ဘော ထိန်းသိမ်းခံရသည်ကို သိရှိရသည်နှင့်တစ်ပြိုင်တည်း Cheonghae ရေတပ်ဖွဲ့ကို ဟောမုဇ် ရေလက်ကြားအနီး ပင်လယ်ပြင်သို့ စေလွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

”Cui Ying”ဖျက်သင်္ဘောသည် ရေတပ်အထူးတပ်ဖွဲ့ Cheonghae ၏ လက်အောက်တွင်ရှိပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီက “ဧဒင်ပင်လယ်ကွေ့ အာရုဏ်ဦးစစ်ဆင်ရေး” ကယ်ဆယ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း ၊ ဆိုမာလီယား ပင်လယ် ဓါးပြများ ပြန်ပေးဆွဲထားသည့် Samho Jewelryသင်္ဘောပေါ်က သင်္ဘောသား (၂၁)ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ ထိုနှစ် ဧပြီလတွင်ပင် ဧဒင်ပင်လယ်ကွေ့အနီးတွင် တိုက်ခိုက်ခံရသည့် ကွန်တင်နာတင် ကုန်သင်္ဘော Hanjin Tianjinကိုလည်း ကူညီကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

————————————————–
(Chinese Version)
韩国船只被伊朗扣押 韩军驱逐舰火速赶赴霍尔木兹海峡应对

据韩联社1月5日报道,韩国清海部队(韩国派驻索马里亚丁湾的部队)驱逐舰“崔莹”号5日抵达霍尔木兹海峡附近海域,应对韩籍化学品运输船被伊朗扣留事件。
韩国政府官员当天表示,清海部队当天凌晨抵达事发海域开始执行任务。据悉,韩籍运输船“韩国化学”(Hankuk Chemi)号前一天在霍尔木兹海峡靠近阿曼一侧的海域航行时被伊朗伊斯兰革命卫队扣留,船上共有包括5名韩籍船员在内的20名船员。
据了解,“崔莹”舰将同总部设在巴林的联合海上力量(CMF)、韩国外交部和韩国海洋水产部等有关部门密切合作应对情况。此前曾有一名外交部官员表示,韩方正在确认船员安全,并要求伊方尽早释放被扣船舶。韩国国防部表示,在获悉韩国商船被扣后立即派清海部队赴霍尔木兹海峡附近海域处理。
“崔莹”号隶属于海军特种部队——清海部队,曾于2011年1月参加“亚丁湾黎明作战”营救行动并成功解救出被索马里海盗劫持的“三湖珠宝”号上的21名船员,同年4月在亚丁湾附近成功解救遇袭集装箱货轮“韩进天津”号。

图文:韩国青海部队驱逐舰“崔莹”号驱逐舰