Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ စစ်တပ် က ဂါဇာကမ်းမြောင် ဒေသ တောင်ပိုင်းရှိ ဥမင်လိုဏ်ခေါင်း တစ်ခု အား ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး

ဂါဇာကမ်းမြောင် ဒေသ ရှိ ဥမင်လိုဏ်ခေါင်း တစ်ခု ထဲသို့ ပါလက်စတိုင်း နိုင်ငံသား တစ်ဦး ဝင်ရောက်နေစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း မှ အစ္စရေး နိုင်ငံ နှင့် အီဂျစ် နိုင်ငံ သို့ သွားရောက် နိုင်သော ဥမင်လိုဏ်ခေါင်း တစ်ခု ကို ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဥမင်လိုဏ်ခေါင်း အား Hamas အဖွဲ့အစည်း က တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း ၊ လိုဏ်ခေါင်း မှာ အစ္စရေး-ဂါဇာဒေသ ဒီဇယ် နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှင့် အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန ၏ ကင်းစခန်း တစ်ခု အောက်တွင် တည်ရှိခဲ့ကြောင်း ၊ အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က နယ်စပ် ကို ဖြတ်ကျော် သည့် Kerem Shalom ဒေသရှိ ဥမောင်လိုဏ်ခေါင်း အပိုင်း အား ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ယခု အကြိမ် ဖောက်ခွဲဖျက်ဆီးမှု သည် နှစ်လ အတွင်း အစ္စရေး နိုင်ငံ စစ်ဘက်ဆိုင်ရာ က ဖျက်ဆီး ခဲ့သည့် ၃ ခု မြောက် ပါလက်စတိုင်း ဘက်မှ ဥမင်လိုဏ်ခေါင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ တွင် အစ္စရေး စစ်ဘက်ဆိုင်ရာ က Hamas အဖွဲ့အစည်း ၏ ဥမင်လိုဏ်ခေါင်း တစ်ခု ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း နိုင်ငံ မှ လက်နက်ကိုင် အဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ တွင်လည်း Hamas အဖွဲ့အစည်း ၏ ဥမင်လိုဏ်ခေါင်း တစ်ခု ကို ဖျက်ဆီး ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.