Connect with us

Africa & Middle East

အမေရိကန်မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုဖြင့် ယီမင်၌ အယ်လ်ကိုင်းဒါးအဖွဲ့ဝင် ၆ ဦးသေဆုံး

ယီမင်နိုင်ငံတွင် ကင်းလှည့်နေသော အမေရိကန်မောင်းသူမဲ့လေယာဉ် တစ်စင်း အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆန်နာ ၊ စက်တင်ဘာလ ၅ ရက် (ဆင်ဟွာ)

အမေရိကန်မောင်းသူမဲ့လေယာဉ်တစ်စင်း၏ ညပိုင်းတိုက်ခိုက်မှုဖြင့် ယီမင်နိုင်ငံ အရှေ့မြောက်ပိုင်းMarib ပြည်နယ် ၌ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမား ၆ ဦး သေဆုံးခဲ့ကြောင်း လုံခြုံရေးအရာရှိများက စက်တင်ဘာလ ၅ ရက်တွင်ပြောကြားသည်။

အဆိုပါ မောင်းသူမဲ့လေယာဉ်သည် နိုင်ငံ၏ ရေနံထွက်ရှိသော အဓိကပြည်နယ်တစ်ခုဖြစ်သည့် Marib ပြည်နယ် အလယ်ပိုင်း Wadi Abidah ဒေသ၌ ညပိုင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ၎င်းဒေသသည် ဆော်ဒီအာရေးဗီးယားနိုင်ငံကကျောထောက်နောက်ခံပြုလုပ်ထားသည့် ယီမင်အစိုးရက ရှီအိုက်သူပုန်များထံမှ ၂ဝ၁၅ ခုနှစ်နှောင်းပိုင်းက ပြန်လည်သိမ်းယူခဲ့သော ပြည်နယ်ဖြစ်ကြောင်း သိရသည်။
“ အယ်လ်ကိုင်းဒါးအကြမ်းဖက်သမားလို့သံသယရှိသူတွေ အဲဒီဒေသမှာရှိတဲ့ လယ်တောတစ်ခုထဲမှာ အစည်းအဝေး လုပ်နေတုန်း အမေရိကန်မောင်းသူမဲ့ လေယာဉ်က တိုက်ခိုက်ခဲ့တာပါ ” ဟု အမည်မဖော်လိုသူအစိုးရ အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားသည်။
အမေရိကန်မောင်းသူမဲ့လေယာဉ်များသည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ယီမင်နိုင်ငံ၌ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ရာပေါင်းများစွာပြုလုပ်ခဲ့ပြီး အယ်လ်ကိုင်းဒါးထိပ်တန်းခေါင်းဆောင်းများ နှင့် အခြား စစ်သွေးကြွများစွာကို သုတ်သင်နိုင်ခဲ့ကြောင်း သိရသည်။
ယီမင်နိုင်ငံ ပြည်ပြေးအစိုးရ နှင့် ၂ဝ၁၄ ခုနှစ်ကတည်းက Sanaa မြို့တော်အပါအဝင် နိုင်ငံမြောက်ပိုင်းပြည်နယ်များကို သိမ်းပိုက်ထားခဲ့သည့် ဟူတီသူပုန်များအကြား ၁၈ လကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ကြောင့် နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင် မကြာသေးခင်ကာလအတွင်း အယ်လ်ကိုင်းဒါးစစ်သွေးကြွ ဦးရေ တိုးပွားလာလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.