Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ က အမေရိကန် နိုင်ငံ မှ ကြဲချခဲ့သည့် “ဗုံးများအားလုံး၏မိခင်” နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို မကြာမီ ထုတ်ပြန်မည်

အမေရိကန် နိုင်ငံ ၏ "ဗုံးများအားလုံး၏မိခင်" ဟုခေါ်ဆိုသည့် ဗုံးအားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ အရာရှိ တစ်ဦးက အမေရိကန် နိုင်ငံ ၏ အကြီးစား ဗုံးလက်နက် ဖြင့် တိုက်ခိုက် ခံခဲ့ရသည့် IS အစွန်းရောက် အဖွဲ့ အခြေစိုက်စခန်း သည် လက်ရှိချိန်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထိန်းချုပ်မှု အောက်တွင် ရောက်ရှိသွားပြီးဖြစ်ကာ ဗုံးကြဲချခဲ့သည့် နေရာကို စုံစမ်းစစ်ဆေးမှု များပြုလုပ်ကာ မကြာမီ ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဗုံးကြဲချခဲ့သည့် နေရာသည် မြေပြင်အနေအထား လွန်စွာရှုပ်ထွေးပြီး မိုင်းအများအပြားရှိနေသောကြောင့် လက်ရှိချိန်တွင် နည်းပညာရှင်များသာ ထိုဒေသသို့သွားရောက်၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ခွင့်ပြုထားကြောင်း ၊ ထိုဒေသ သည် IS လက်နက်ကိုင်အဖွဲ့အစည်း ၏ ဒေသတွင်းရှိ အကြီးဆုံးသော စခန်းဖြစ်ပြီး နေရာတိုင်းတွင် မိုင်းများ ရှိပြီး အချိန်မရွေး လက်နက်ကိုင် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကိုလည်း ခံရနိုင်ကြောင်း ပြောကြား ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့က အာဖဂန်နစ္စတန် မီဒီယာ၏ ဖော်ပြချက်တွင် အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ မှ IS လက်နက်ကိုင်အဖွဲ့အစည်း ကို အလွန်ကြီးမားသည့် ဗုံးတစ်လုံးကြဲချခဲ့သော်လည်း ထိရောက်မှုပိုင်းနှင့် ပတ်သက်၍ စုံစမ်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ၊ အမေရိကန် စစ်ဘက်ဆိုင်ရာ အနေဖြင့် ဗုံးကြဲချခဲ့သည့် နေရာကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များကိုပင် ဝင်ရောက်ရန် တားမြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ သမ္မတဟောင်း ကာဇိုင်း(Karzai) က အမေရိကန် နိုင်ငံ ၏ အာဖဂန်နစ္စတန် နိုင်ငံအတွင်း အလွန်ကြီးမားသည့် ဗုံးကြဲချခဲ့ခြင်း နှင့် ပတ်သက်၍ ပြစ်တင်ဝေဖန်ခဲ့ပြီး အာဖဂန်နစ္စတန် နိုင်ငံသားများ အနေဖြင့် ရသင့်ရထိုက်သည့် လေးစားမှု ကိုမရရှိဘဲ အမေရိကန် နိုင်ငံ က အာဖဂန်နစ္စတန် နိုင်ငံအတွင်း ထင်ရာစိုင်း လုပ်ဆောင်နေကြောင်း ၊ ယခု ဗုံးကြဲတိုက်ခိုက်မှု သည် အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်မှု တစ်ခုမဟုတ်ဘဲ အာဖဂန်နစ္စတန် နိုင်ငံ အား ၎င်းတို့၏ အလွန်အန္တရာယ်များသည့် လက်နက်များ စမ်းသပ်ရန်အတွက် ရက်စက်စွာ ညှင်းပန်းနှိပ်စက်နေခြင်းသာ ဖြစ်ကြောင်း ဧပြီလ ၁၉ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် ပြောကြား ခဲ့သည်။

အာဖဂန်နစ္စတန် နိုင်ငံ အခြေစိုက် အမေရိကန် တပ်ဖွဲ့သည် ဒေသစံတော်ချိန် ဧပြီလ ၁၃ ရက်နေ့ ညပိုင်းတွင် အာဖဂန်နစ္စတန် နိုင်ငံ Nangarhar ပြည်နယ်ရှိ IS အကြမ်းဖက်အဖွဲ့အစည်း ကို ပစ်မှတ်ထားကာ “ဗုံးများအားလုံး၏မိခင်” ဟုခေါ်ဆိုသည့် အလွန်ကြီးမားသည့် ဗုံးကိုကြဲချခဲ့သည်။ထို့နောက်တွင် Nangarhar ပြည်နယ် အစိုးရ က ဧပြီလ ၁၅ ရက်နေ့၌ ထို ဗုံးကြဲတိုက်ခိုက်မှုကြောင့် IS လက်နက်ကိုင် အဖွဲ့အစည်း တပ်ဖွဲ့ဝင် ၉၄ ဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

“ဗုံးများအားလုံး၏မိခင်” ဟု ခေါ်ဆိုသော ဗုံးသည် အလေးချိန် ၉.၅ တန်ရှိသော ဗုံးဖြစ်ပြီး ယခု တိုက်ခိုက်မှု သည်လည်း အမေရိကန် နိုင်ငံ မှ ယင်းလက်နက်ကို တိုက်ပွဲအတွင်း ပထမ ဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။ ထို့ပြင် ယခု တိုက်ခိုက်မှု သည် အမေရိကန် နိုင်ငံ ၏ နျူကလီးယား လက်နက်မဟုတ်သည့် အင်အားအပြင်းထန်ဆုံးသော လက်နက်ကို တိုက်ပွဲအတွင်း ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းလည်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.