Connect with us

Africa & Middle East

ကင်ညာစစ်သားများက ဆိုမာလီယာနိုင်ငံရှိ အယ်လ်ရှာဘတ်စစ်သွေးကြွ ၅၂ ဦးကို သုတ်သင်ခဲ့

ဆိုမာလီယာနိုင်ငံ၌ လုံခြုံရေးယူနေသော အာဖရိကသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ မှ ကင်ညာနိုင်ငံသား တပ်ဖွဲ့ ဝင်တစ်ဦးအားတွေ့ ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ၌ အာဖရိကသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့(AMISOM) အစီအစဉ်ဖြင့် သွားရောက်တာဝန်ထမ်းဆောင်နေသော ကင်ညာစစ်သားများသည် အယ်လ်ရှာဘတ်စစ်သွေးကြွ ၅၂ ဦးကို ဆိုမာလီယာနိုင်ငံတောင်ပိုင်း၌ သုတ်သင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ကင်ညာကာကွယ်ရေးတပ်ဖွဲ့(KDF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Joseph Wouoth က ပြောကြားရာတွင် ဆိုမာလီယာနိုင်ငံ မြောက်ပိုင်း Sarira ပြည်နယ် ၊ Badhaadhe ဒေသအတွင်းရှိ Jubba မြေနိုမ့်ဒေသ၌ လှုပ်ရှားနေသော အယ်လ်ရှာဘတ်(Al-Shabaab) စစ်သွေးကြွသုတ်သင်ရှင်းလင်းရေး စစ်ဆင်ရေးကို ကင်ညာစစ်သားများက အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ အယ်လ်ရှာဘတ်စစ်သွေးကြွတွေ ရှိတဲ့နေရာကို ထောက်လှမ်းရေးအစီအစဉ်တွေ လုပ်ဆောင်ခဲ့ပြီးနောက်မှာတော့ မြေပြင်တပ်ဖွဲ့တွေဟာ မော်တာကျည်ဆံတွေ နဲ့အမြောက်တွေကို အသုံးပြုပြီး စစ်သွေးကြွစခန်းတွေကို ပစ်ခတ်ချေမှုန်းခဲ့ပါတယ်” ဟု နိုင်ရိုဘီမြို့မှ ထုတ်ပြန်ခဲ့သည့် Owuoth ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါစစ်ဆင်ရေးအတွင်း အေကေ-၄၇ ရိုင်ဖယ်သေနတ် ၇ လက် ၊ PKM သေနတ် ၁ လက် ၊ လက်ကိုင်ဖုန်း ၂ လုံး ၊ ဗုံးသီး ၁ဝ၄ လုံး ၊ (IED) ချိန်ကိုက်မိုင်း ၃ လုံး နှင့် စားနပ်ရိက္ခာများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆိုမာလီယာနိုင်ငံ၌ အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်မှုရှိသော အယ်လ်ရှာဘတ်စစ်သွေးကြွများကို တိုက်ခိုက်ချေမှုန်းရန် ကုလသမဂ္ဂမှ ကျောထောက်နောက်ခံပေးထားသည့် အာဖရိကသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင် ၂၂ဝဝဝ ဦးတပ်စွဲထားကြောင်း နှင့် ၎င်းတို့ထဲတွင် ကင်ညာစစ်သား ၄ဝဝဝ ကျော်ပါဝင်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.