Connect with us

Africa & Middle East

တောင်အာဖရိကတွင် ကုန်တင်ကားတိုက်မိ၍ ရထားလမ်းချော်မှုမှ လူ၂၀သေဆုံး၊ လူ၂၆၀ခန့် ဒဏ်ရာရရှိ

တောင်အာဖရိကတွင် ကုန်တင်ကားတိုက်မိပြီး လမ်းချော်ခဲ့သည့် ရထားအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့တ်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

တောင်အာဖရိကနိုင်ငံတွင် ဇန်နဝါရီ ၄ ရက် က ဖြစ်ပွားခဲ့သည့် ရထားလမ်းချော်မှုကြောင့် သေဆုံးသူဦးရေသည် လူ ၂၀ဦးအထိမြင့်တက်လာပြီး လူ ၂၆၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ဖရီးစတိတ်ပြည်နယ် ကျန်းမာရေးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Mondli Mvambi ၏ ပြောကြားချက်ကို ကိုးကား၍ Times LIVE သတင်းဝက်ဘ်ဆိုက် က လူစီးတွဲ သုံးတွဲတွင် လိုက်ပါလာသော ခရီးသည်များ တွင် မီးလောင်ဒဏ်ရာများရရှိခဲ့၍ သေဆုံးသူ ဦးရေသည် ထင်မှတ်ထားသည်ထက် ပိုမိုများပြားလာနိုင်ကြောင်း နှင့် ယင်းလူစီးတွဲများအတွင်း ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ မတော်တဆမှုသည် ဒေသစံတော်ချိန် နံနက် ၉နာရီတွင် ဖရီးစတိတ်ပြည်နယ် ရှိ ဟန်နီမန်မြို့ နှင့် ခရွန်စတက်မြို့ ကြားရှိ ရထားသံလမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အယ်လိဇဘတ်ဆိပ်ကမ်းမှ ဂျိုဟန်နက်စ်ဘာ့တ်မြို့သို့ ခုတ်မောင်းလာသော Shosholoza Meyl သည် ရထားလမ်းအား အချိန်မှား၍ ဖြတ်မောင်းသော ကုန်တင်ကားတစ်စီး နှင့် တိုက်မိပြီးနောက် ရထား၏ တွဲ ၁၅တွဲ အနက် ၇တွဲ မီးလောင်ကျွမ်းခဲ့ပြီး အများအပြား လမ်းချော်သွားခဲ့ကြောင်း အခင်းဖြစ်ပွားရာမှ တာဝန်ရှိသူများကပြောကြားခဲ့သည်။

အသက်ရှင်ကျန်ရစ်ခဲ့သော ကုန်တင်ကားမောင်းသူကို ဆေးရုံသို့ပို့ဆောင်ပေးထားပြီး ပြဿနာ၏ အကြောင်းရင်းကို သိရှိရန် နှင့် အရက်သောက်သုံးထားခြင်းရှိ၊မရှိ ၎င်းသွေးအား စစ်ဆေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး Joe Maswanganyi က သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဝန်ကြီးက အပျက်အစီးများအား ရှင်းလင်းခြင်း နှင့် ရထားလမ်းပြန်ဖွင့်ရန် အနည်းဆုံး ၃၆နာရီကြာမြင့်မည် ဖြစ်ကြောင်း၊ သေဆုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို မကြာခင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရထားတိုက်မှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါရထားအား ပိုင်ဆိုင်သော နိုင်ငံပိုင် ခရီးသည်ပို့ဆောင်ရေးရထားလမ်းဋ္ဌာနက ယင်းဖြစ်စဉ်သည် လူ၏အမှား ဖြစ်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.