Connect with us

Africa & Middle East

အမေရိကန် နှင့် ဆော်ဒီ တို့ ကန်ဒေါ်လာ ၂၈၀ဘီလီယံတန်ဖိုးရှိသည့် သဘောတူညီချက်စာချုပ်များ ချုပ်ဆို

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့် နှင့် ဆော်ဒီနိုင်ငံ ကာကွယ်ရေးဝန်ကြီး Mohammed bin Salman တို့ မေ ၂၀ရက်နေ့က တွေ့ဆုံစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊ မေ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ် ထရမ့် နှင့် ဆော်ဒီဘုရင် ဆော်လ်မန်ဘင်အဗ္ဗဒူလာဇဇ် (Salman bin Abdulaziz) တို့သည် မေလ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၈၀ဘီလီယံ တန်ဖိုးရှိသည့် သဘောတူညီချက် စာချုပ်များစွာကို လက်မှတ်ရေးထိုးခဲ့ကြောင်း Arabiya ပြည်တွင်း သတင်း၏ ဖော်ပြခဲ့သည်။

အဆိုပါ သဘောတူညီချက်များတွင် စစ်ရေး၊ စီးပွားရေး၊ စွမ်းအင် နှင့် ရေနံဓါတု အခန်းကဏ္ဍများ အကျုံးဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးတွင် အလုပ်အကိုင်အခွင့်အလမ်း ထောင်ပေါင်းများစွာကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း Arabiya ကဖော်ပြခဲ့သည်။အမေရိကန်-ဆော်ဒီ ထပ်သီးအစည်းအဝေးအတွင်း သဘောတူညီချက်များထွက်ပေါ်လာခြင်းဖြစ်ပြီး ပင်လယ်ကွေ့-အမေရိကန် ထပ်သီးအစည်းအဝေး နှင့် အာရပ် အစ္စလာမ်မစ် အမေရိကန် ထိပ်သီးအစည်းအဝေးများလည်း မကြာမီကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ထရမ့် သည် ရီယာ့ဒ်မြို့သို့ မေလ ၂၀ ရက် နံနက်ပိုင်းက ရောက်ရှိလာခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် ပြည်ပနိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117