Connect with us

Africa & Middle East

အီဂျစ်တောင်ပိုင်းတွင် သေနတ်သမားများက ခရစ်ယာန်ဘာသာဝင် ၂၆ဦးကို ပစ်သတ်သွား


ကိုင်ရို၊ မေ ၂၇ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုမြို့တောင်ပိုင်းတွင် မေလ ၂၆ ရက်က ကော့ပ်တစ် ခရစ်ယာန်ဘာသာဝင်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီးကို သေနတ်သမားများက ပစ်ခတ်ခဲ့၍ လူ ၂၆ဦး သေဆုံးခဲ့ပြီး အခြားလူ ၂၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

ကိုင်ရိုမြို့တောင်ပိုင်း ၂၂၀ကီလိုမီတာ အကွာ မင်ရာပြည်နယ် ရှိ စိန့်ဆင်မြူရယ် ဘုရားရှိခိုးကျောင်းသို့ သွားရာ လမ်းမပေါ်၌ အမည်မသိ သေနတ်သမား ၁၀ဦးသည် မော်တော်ယာဉ် ၃စီး ဖြင့် ခရစ်ယာန်ဘာသာဝင်များ လိုက်ပါလာသော ဘတ်စ်ကား ၂စီးကို ကြားဖြတ်တားဆီးပြီးနောက် သေနတ်များဖြင့် တရစပ်ပစ်ခတ်ခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တစ်ခု က ဆင်ဟွာသို့ပြောကြားခဲ့သည်။

သေနတ်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပုံစံ ဝတ်ဆင်ထားကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦး ကပြောကြားခဲ့သည်။

သေနတ်သမားတို့၏ တိုက်ခိုက်ခြင်းခံခဲ့ရသည့် ဘတ်စ်ကားတစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးဂိတ်များကို ဖြန့်ကျက်ထားပြီး တရားခံများအား အမြန်ဆုံးဖမ်းမိနိုင်ရန် ရှာဖွေရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒူလ် ဖတ်တာ အယ်လ်စီစီ က ယင်းတိုက်ခိုက်မှု၏ နောက်ဆက်တွဲအကျိုးဆက်များကို ဆွေးနွေးရန် လုံခြုံရေးအစည်းအဝေးပွဲတစ်ခု ခေါ်ယူခဲ့ကြောင်း သမ္မတသတင်းထုတ်ပြန်ရေးရုံးက ဖော်ပြခဲ့သည်။

ယင်းအကြမ်းဖက် တိုက်ခိုက်မှုအား မည်သည့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို ထုတ်ဖော်ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

ဆော်ဒီအာရေဗျ၊ ယူအေအီး နှင့် ပါလက်စတိုင်းနိုင်ငံတို့ က ယင်းတိုက်ခိုက်မှုအား ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး ၎င်းတို့သည် အကြမ်းဖက်မှုအား တိုက်ဖျက်ရာ၌ အီဂျစ် နိုင်ငံ နှင့် ပြည်သူများ ဘက်မှနေ ရပ်တည်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.