Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က Idlib ပြည်နယ် တွင် စစ်ရေး ဆောင်ရွက်မည် ပြန်လည် ဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

ဆီးရီးယား နိုင်ငံ တွင် တိုက်ပွဲများကြောင့် အဆောက်အဦ များ ပြိုလဲနေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကက်စ် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က သြဂုတ်လ ၅ ရက် ၌ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ မှ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကို မလိုက်နာဘဲ တိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလုပ် ခဲ့သောကြောင့် စစ်ဘက်ဆိုင်ရာ အနေဖြင့် နိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ် တွင် စစ်ရေး ဆောင်ရွက်မှု ပြန်လည် စတင်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ကြေညာချက် အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့အနေဖြင့် သြဂုတ်လ ၁ ရက် ၌ Idlib ပြည်နယ် တွင် အပစ်အခတ် ရပ်စဲ ရန် သဘောတူညီကြောင်း ထုတ်ပြန်ကြေညာ ခဲ့သော်လည်း အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ က လိုက်နာရန် ကန့်ကွက်ခဲ့ပြီး ဒေသတွင်း အနီးတစ်ဝိုက်ရှိ ပြည်သူလူထု တို့အား တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း ၊ ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က တူရကီ နိုင်ငံ အနေဖြင့် သဘောတူညီချက် တွင် ပါရှိ သည့် တာဝန်ဝတ္တရား ကို လျစ်လျှူရှုပြီး ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ ၏ တိုက်ခိုက်မှုများ အပေါ် ခွင့်လွှတ်ထောက်ခံအားပေးမှု များ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည် ဟု သိရှိရသည်။

သတင်းထုတ်ပြန်ချက်များအရ Idlib ပြည်နယ် တောင်ပိုင်း နှင့် Hama ပြည်နယ် မြောက်ပိုင်း ရှိ အစွန်းရောက် အဖွဲ့အစည်း က သြဂုတ်လ ၅ ရက် တွင် ပြည်သူလူထု များအား ဒုံးကျည် ဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း ၊ တုန့်ပြန်ဆောင်ရွက်မှု အနေဖြင့် ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ မှ အစွန်းရောက် အဖွဲ့အစည်း နှင့် ၎င်းတို့နှင့် ဆက်နွယ်မှု ရှိသည့် လက်နက်ကိုင် အဖွဲ့အစည်း များအား ပစ်ခတ်တိုက်ခိုက်မှုများ ပြန်လည် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ Idlib ပြည်နယ် က တူရကီ နိုင်ငံ နှင့် နယ်နိမိတ် ထိစပ် နေပြီး ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ နှင့် အစွန်းရောက် အဖွဲ့အစည်း ၏ ဆီးရီးယား နိုင်ငံ အတွင်းရှိ နောက်ဆုံး ထိန်းချုပ် ထားသည့် နယ်မြေ ဖြစ်ကြောင်း ၊ သြဂုတ်လ ၁ ရက် တွင် ၁၃ ကြိမ်မြောက် ဆီးရီးယား အရေး Astana ဆွေးနွေးပွဲ အား Nur-Sultan မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲ အပြီး တွင် ဆီးရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ က Idlib ပြည်နယ် တွင် အပစ်အခတ် ရပ်စဲ မည်ဟု ထုတ်ပြန်ကြေညာ ခဲ့ကြောင်း ၊ အပစ်အခတ် ရပ်စဲရန် လိုအပ်ချက် အနေဖြင့် ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့ နှင့် အစွန်းရောက် အဖွဲ့အစည်း က Idlib ပြည်နယ် တိုက်ပွဲ လျှော့ချရေး ဇုန် မှ ကီလိုမီတာ ၂၀ ဆုတ်ခွာ ကာ အကြီးစား နှင့် အလတ်စား လက်နက်များ ကို ဖယ်ရှားပေးရန် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.