Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ က စီးပွားရေး ပြောင်းလဲမှု အစီအစဉ်အစိတ်တစ်ပိုင်းအဖြစ် လောင်စာဆီဈေးနှုန်းများ တိုးမြှင့်

အီဂျစ်နိုင်ငံ ရှိ ဓါတ်ဆီဆိုင်တစ်ခုတွင် ဆီထည့်ပေးနေသည့် ဝန်ထမ်းတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ အစိုးရအဖွဲ့က နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေဖြင့် လောင်စာဆီဈေးနှုန်းများကို တိုးမြှင့်လိုက်ကြောင်း ဇွန်လ ၂၉ ရက်တွင် ကြေညာခဲ့သည်ကို နိုင်ငံပိုင် ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့သည်။

ဓါတ်ဆီဈေးနှုန်းမြင့်တက်မှုသည် ၄၂.၈ရာခိုင်နှုန်းမှ ၅၅.၃ရာခိုင်နှုန်း အထိ ဈေးနှုန်းအမျိုးမျိုးရှိပြီး နေအိမ် နှင့် စားသောက်ဆိုင်များ ၌ အသုံးပြုသော ဓာတ်ငွေ့ဈေးနှုန်းကိုလည်း ၂ဆအထိ တိုးမြှင့်ခဲ့ကြောင်း သိရသည်။

အစိုးရအဖွဲ့က လောင်စာဆီဈေးနှုန်းမြှင့်တင်မှုသည် ဇွန်လ ၂၉ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Sherif Ismail က လောင်စာဆီဈေးနှုန်း တိုးမြှင့်ရခြင်းအကြောင်းရင်း အသေးစိတ်ကို ထပ်မံရှင်းပြရန်အတွက် သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်သွားလိမ့်မည်ဟု မျှော်လင့်ရသည်။

၂၀၁၆ခုနှစ် နိုဝင်ဘာလတွင် လောင်စာဆီဈေးနှုန်းများသည် ၃၄.၆ရာခိုင်နှုန်းမှ ၄၆.၉ရာခိုင်နှုန်းအထိ တိုးမြင့်လာပြီး တစ်နှစ်မပြည့်ခင်အတွင်း ဒုတိယအကြိမ် အလားတူ ဈေးနှုန်း တိုးမြင့်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ လောင်စာဆီဈေးနှုန်း တိုးမြင့်လာခြင်းသည် ရလဒ်အဖြစ် အခြား ကုန်စည်ဈေးနှုန်းများပါ တိုးမြင့်လာနိုင်သောကြောင့် အီဂျစ်နိုင်ငံသားများစွာကို စိုးရိမ်စိတ်များဖြစ်ပေါ်လာစေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.