Connect with us

Africa & Middle East

အာဖဂန်မြောက်ပိုင်းတွင် IS စစ်သွေးကြွများက တာလီဘန်တိုက်ခိုက်ရေးသမား ၁ဝ ဦးကို ခေါင်းဖြတ်

ဆီးရီးယားနိုင်ငံ၌ ၂ဝ၁၅ ခုနှစ် ဇွန်လ ၂၆ ရက်တွင် တာလီဘန် ၁၂ ဦးကို အိုက်အက်စ်တို့ က ခေါင်းဖြတ် သတ်ဖြတ်မှုပြုလုပ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ကဘူးလ် ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

အိုက်အက်စ်(IS) အကြမ်းဖက်အဖွဲ့ကို သစ္စာခံထားသည့် စစ်သွေးကြွများက အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ်တွင် ပြိုင်ဘက် တာလီဘန်စစ်သွေးကြွအုပ်စုမှ တိုက်ခိုက်ရေးသမား ၁ဝ ဦးကို ခေါင်းဖြတ် သတ်လိုက်ကြောင်း ဒေသတွင်းထုတ်ဝေသည့် Daily Weesa သတင်းစာ က ဇူလိုင် ၂ ရက်တွင်ရေးသားဖော်ပြခဲ့သည်။

အိုက်အက်စ်တိုက်ခိုက်ရေးသမားများသည် Darzab ခရိုင် Aqbalaq ကျေးရွာ၌ တာလီဘန်တိုက်ခိုက်ရေးသမား ၁ဝ ဦးကို ဇွန်လ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ဇွန်လ ၃ဝ ရက်တွင် ခေါင်းဖြတ် သတ်လိုက်ခြင်းဖြစ်ကြောင်း သတင်းစာက ဆိုသည်။ တာလီဘန် နှင့် အိုက်အက်စ် နှစ်ဖွဲ့စလုံးသည် Darzab ခရိုင်အတွင်းရှိ နယ်မြေ အစိတ်အပိုင်းအချို့ကို လက်ရောက် သိမ်းပိုက်နိုင်ရန် ပြီးခဲ့သော ရက်သတ္တပတ်များစွာကတည်းက နှစ်ဘက်တိုက်ခိုက်မှုများ ရှိခဲ့သည်။အဆိုပါ ခေါင်းဖြတ်ခဲ့သည့် သတင်းနှင့်ပတ်သက်၍ တာလီဘန်ရော အိုင်အက်စ်တို့ကပါ မည်သည့်ဘက်ကမျှ မှတ်ချက်ပေးခဲ့ခြင်း မရှိပါ။ ပြိုင်ဘက် တာလီဘန် နှင့် အိုက်အက်စ် အဖွဲ့တို့သည် စစ်မြေပြင်ဖြစ်နေသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ နယ်မြေများကို သိမ်းပိုက်နိုင်ရန် လွန်ခဲ့သော ၂ နှစ်ကျော်ခန့်ကတည်းက နှစ်ဘက် အပြင်းအထန် ကြိုးပမ်းခဲ့ကြသည်။

ကဘူးလ်မြို့မှ မြောက်ဘက် ၃၉၀ ကီလိုမီတာအကွာခန့်တွင် တည်ရှိသော Darzab ခရိုင် နှင့် Sheberghan မြို့ကဲ့သို့ အချို့သော သီးခြားစီဖြစ်နေသည့် Jowzjan ပြည်နယ်အတွင်းရှိဒေသများတွင် လွန်ခဲ့သော တစ်နှစ်ကျော်ကာလအတွင်း တာလီဘန် နှင့် အိုက်အက်စ်တို့က ခြေကုပ်ရရန် အသီးသီး လှုပ်ရှားမှုများပြုလုပ်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.