Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေဘေးကြောင့် လူ ၂၇ ဦးသေဆုံး

အာဖဂန်တွင် ရေဘေးသင့်သည့် နေရာတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ်၊ မတ် ၃၁ ရက်(ဆင်ဟွာ)

နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေဘေးဖြစ်ပွားလျက်ရှိရာ သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရသူ ၃၀ ကျော်ရှိပြီဖြစ်ကြောင်း အာဖဂန်မီဒီယာများက မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မတ် ၂၈ ရက်က ရွာသွန်းသည့် မိုးသက်မုန်တိုင်းကြောင့် အာဖဂန်နိုင်ငံ အနောက်ပိုင်း Herat ပြည်နယ်တွင် ရေဘေးဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉ ဦး ပြီး ဒဏ်ရာရသူ ၅ ဦးရှိကြောင်း၊ လယ်မြေဧက ထောင်ချီပျက်စီးခဲ့သလို လူနေအိမ်ခြေရာချီ ပျက်စီးခဲ့ကြောင်း နှင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အာဖဂန်တိုင်းမ်သတင်းစာက ဖော်ပြထားသည်။

၎င်းပြည်နယ်အနီးရှိ Badghis ပြည်နယ်နှင့် အနောက်တောင်ပိုင်း Faryabပြည်နယ်တွင် လူ ၈ ဦးနှင့် ၁၀ ဦး အသီးသီးသေဆုံးခဲ့သည့်အပြင် ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသခံ အရာရှိ၏ပြောကြားချက်အရသိရသည်။ Faryabပြည်နယ်တွင် မြေဧက ၃၀၀၀ ၊ နေအိမ် ၂၅၀၀ ကျော်နှင့် ဆိုင်ခန်းပေါင်း ရာချီပျက်စီးခဲ့သလို လမ်းတံတားပေါင်း ဒါဇင်နှင့်ချီ၍ ပျက်စီးခဲ့ကြောင်း သိရသည်။

အာဖဂန် ဒေသခံ အစိုးရက ရေဘေးကြောင့်ဖြစ်ပွားသည့် ပျက်ဆီးဆုံးရှုံးမှုပမာဏကို စစ်တမ်းကောက်ယူလျက်ရှိရာ သေဆုံးသူဦးရေထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

အာဖဂန် အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန၏ စာရင်းများအရ ပြီးခဲ့သောလတွင်ဖြစ်ပွားသည့် ရေဘေးကြောင့် လူ၁၀၀ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၅၀ ရှိကြောင်းနှင့် အိမ်ခြေပေါင်း ၁၈၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117