Connect with us

Africa & Middle East

အီရန် နိုင်ငံခြားရေး ဝန်ကြီး က အမေရိကန် နိုင်ငံ ၏ စီးပွားရေး အကြမ်းဖက် ဝါဒ က ကျဆုံးသွားပြီး ဖြစ်ကြောင်း ပြောကြား

အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ က သြဂုတ်လ ၁၅ ရက် ၌ အီရန် နိုင်ငံ ၏ ရေနံတင် သင်္ဘော အား ပြန်လည် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး နောက်တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif) က အမေရိကန် နိုင်ငံ ၏ အီရန် နိုင်ငံ အပေါ် ဦးတည် ဆောင်ရွက်နေသည့် စီးပွားရေး အကြမ်းဖက် ဝါဒ က ကျဆုံးသွားပြီး ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး က အမေရိကန် နိုင်ငံ အနေဖြင့် စီးပွားရေး အကြမ်းဖက် ဝါဒ ကို အသုံးပြု၍ ရည်ရွယ်ချက် ကို မရရှိခဲ့သဖြင့် တရားဥပဒေ ကို အလွဲသုံးစား ပြုလုပ် ပြီး ပင်လယ်ရေကြောင်း တွင် အီရန် နိုင်ငံ ၏ ဥစ္စာပိုင်ဆိုင်မှု ကို လုယူ ခဲ့ခြင်း ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ ပင်လယ် ဓားပြ ကဲ့သို့သော ဆောင်ရွက်မှုမျိုး သည် ဒေါ်နယ်ထရမ့် အစိုးရ အဖွဲ့ ၏ ဥပဒေ အား မလေးစားမှု ကို ပေါ်လွှင်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၁၅ ရက် ၌ အီရန် နိုင်ငံ မှ ရေနံ တင် သင်္ဘော အား ဆီးရီးယား နိုင်ငံ သို့ မစေလွှတ် မည့် ကတိပြုချက် ကို ရရှိခဲ့ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် ကတိပြုချက် အား လိုက်နာရန် တိုက်တွန်းလိုပြီး ဗြိတိန် နိုင်ငံ အနေဖြင့် အီရန် သို့မဟုတ် မည်သည့် နိုင်ငံ ကိုမှ အီးယူ ၏ ပိတ်ဆို့အရေးယူမှု ကို သွယ်ဝိုက်ဖြတ်ကျော်၍ ဆီးရီးယား နိုင်ငံ သို့ ရေနံ တင်ပို့စေမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

ဇူလိုင်လ ၄ ရက် တွင် ဗြိတိန် နိုင်ငံ က ၎င်း တို့ ၏ ပြည်ပနယ်မြေ ဖြစ်သည့် ဂျီဘရော်တာ ရှိ ရေတပ် ၏ အကူအညီ ဖြင့် အီရန် နိုင်ငံ ၏ ရေနံတင်သင်္ဘော တစ်စင်း က အီးယူ ၏ ပိတ်ဆို့ အရေးယူမှု ကို ဆန့်ကျင့် ၍ ဆီးရီးယား ထံသို့ ရေနံတင်ပို့ နေသည် ဟု အကြောင်း ပြု၍ သင်္ဘော အား ဖမ်းချုပ်မှု ပြုလုပ်ခဲ့သည်။ ရေနံတင်သင်္ဘော ဖမ်းဆီး ခံခဲ့ရပြီး နောက်တွင် အီရန် နိုင်ငံ က ဗြိတိန် နိုင်ငံ ၏ ဝေဖန်မှု ကို ငြင်းဆို ခဲ့ပြီး ဗြိတိန် နိုင်ငံ ၏ ဆောင်ရွက်မှု က တရားမဝင်ကြောင်း ပြန်လည် ပြောကြား ခဲ့ကာ သင်္ဘော က ပြန်လည် လွှတ်ပေးရန် နှင့် သက်ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်ကြောင်း ပြန်လည် ခြိမ်းခြောက် ခဲ့သည်။ဇူလိုင်လ ၁၉ ရက် တွင် အီရန် နိုင်ငံ အစိုးရ တပ်ဖွဲ့ က Hormuz ပင်လယ်ကွေ့ တွင် ဗြိတိန် နိုင်ငံ ရေနံတင် သင်္ဘော တစ်စင်း အား နိုင်ငံတကာ ရေကြောင်း ဥပဒေ အား ချိုးဖောက်သည် ဟု အကြောင်း ပြု၍ ဖမ်းဆီးမှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)