Connect with us

Africa & Middle East

အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် သို့ အမေရိကန် နိုင်ငံ ပြန်လည် ပါဝင်ပါက တွေဆုံဆွေးနွေးမှု ပြုလုပ်ရန် စဉ်းစားမည် ဖြစ်ကြောင်း အီရန် သမ္မတ ပြောကြား

အီရန်နိုင်ငံ သမ္မတ ဟက်ဆန် ရိုဟာနီ (Hassan Rouhani) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ မတ် ၈ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ သမ္မတ ဟက်ဆန် ရိုဟာနီ (Hassan Rouhani) က အမေရိကန် နိုင်ငံ အနေဖြင့် အီရန် နျူကလီးယား သဘောတူညီမှု စာချုပ် သို့ ပြန်လည် ပါဝင်ပါက အီရန် နိုင်ငံ အနေဖြင့် ဆွေးနွေးမှု ပြုလုပ်ရန် စဉ်းစားမည် ဖြစ်ကြောင်း မတ်လ ၇ ရက် ၌ ပြောကြား ခဲ့သည်။

ဟက်ဆန် ရိုဟာနီ က အီရန် နိုင်ငံ အနေဖြင့် ယခင် က အမေရိကန် နိုင်ငံ ၏ ဆွေးနွေးမှု ပြုလုပ်ရန် ကြိုးပမ်းမှု ကို အကြိမ်ကြိမ် ငြင်းပယ် ခဲ့ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် အခြေနေ နှင့် အချိန်ခါ မသင့်လျှော်သေး ဟု ယူဆသဖြင့် ငြင်းပယ် ခဲ့ခြင်းဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် သဘောတူညီချက် သို့ ပြန်လည် ပါဝင် မှသာ ဆွေးနွေးမှု ပြုလုပ်နိုင်ခြေ ရှိမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အီရန် နျူကလီးယား အရေး နိုင်ငံ ၆ နိုင်ငံ တို့ က အီရန် နျူကလီးယား အရေး ဘက်စုံသဘောတူညီချက် ရရှိခဲ့ပြီး သဘောတူညီချက် အရ နိုင်ငံတကာ အသိုင်းအဝိုင်း က အီရန် နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများအား ဖျက်သိမ်းပေးရမည် ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ် မေလ တွင် အမေရိကန် နိုင်ငံ က သဘောတူညီချက် မှ နုတ်ထွက်ကြောင်း ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်ကာ ဥရောပ မဟာမိတ် နိုင်ငံ များကို လည်း အီရန် နိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှု ပြန်လည်ဆောင်ရွက်ရန် ဖိအားပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)