Connect with us

Africa & Middle East

ဇင်ဘာဘွေ နိုင်ငံ တွင် ခန့်မှန်းချက် အရ ယခုနှစ် အတွင်း လူပေါင်း ၇ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပွားမည်

စပါး များ ရိတ်သိမ်း ပြီးနောက် စုပုံထားသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ မတ် ၈ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ အစိုးရ အရာရှိ တစ်ဦး က မိုးခေါင်ရေရှားမှု နှင့် စိုက်ပျိုးရေး ထွက်နှုန်း ကျဆင်းမှု တို့ကြောင့် ယခုနှစ် အတွင်း ဇင်ဘာဘွေ နိုင်ငံ ၌ လူပေါင်း ၇ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပွား ဖွယ်ရှိပြီး ယင်းမှာ နိုင်ငံ စုစုပေါင်း လူဦးရေ ၏ ၄၀ ရာခိုင်နှုန်း ဖြစ်ကြောင်း မတ်လ ၇ ရက် ၌ ပြောကြား ခဲ့သည်။

စာရင်းပြုစုချက်များအရ ယခုနှစ် တွင် ဇင်ဘာဘွေ နိုင်ငံ ကျေးလက် ဒေသ များတွင် လူပေါင်း ၄.၅ သန်း ခန့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပွား မည် ဖြစ်ပြီး မြို့ပြ ဒေသများ တွင် လူပေါင်း ၃ သန်း ခန့် မလုံလောက်မှုကြောင့် ထောက်ပံ့မှု လိုအပ်မည် ဖြစ်ကာ ယင်းမှာလည်း လတ်တလောနှစ်ပိုင်း အတွင်း လူအများဆုံး စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပွားသည့် နှစ် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ အဖွဲ့ချုပ် က ယခုနှစ်တွင် ဇင်ဘာဘွေ နိုင်ငံ ၌ လူပေါင်း ၅.၃ သန်း ခန့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်ပွား မည် ဟု ခန့်မှန်းခဲ့ပြီး လူပေါင်း ၂.၂ သန်း အပေါ် အထောက်အကူဖြစ်စေမည် အမေရိကန် ဒေါ်လာ ၂၃၄ သန်း တန်ဖိုးရှိ ကူညီထောက်ပံ့မှု ဆောင်ရွက်ရန် စီစဉ်နေကြောင်း သတင်း ဖော်ပြချက်များ အရ သိရှိရသည်။(Xinhua)