Connect with us

Africa & Middle East

ဇမ်ဘီယာ နိုင်ငံ၌ အသေးစား နှင့် အလတ်စား လုပ်ငန်းများမှ အလုပ်အကိုင်ပေါင်း ၂၇,၀၀၀ အား ၂၀၁၈ ခုနှစ် အတွင်း ဖန်တီးပေးနိုင်

ဇမ္ဘီယာ နိုင်ငံတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းခွင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

လူဆာကာ ၊ မတ် ၉ ရက်(ဆင်ဟွာ)

ဇမ်ဘီယာ နိုင်ငံ၌ ၂၀၁၈ ခုနှစ် အတွင်း အသေးစား နှင့် အလတ်စား လုပ်ငန်းများ(SMEs)က အလုပ်အကိုင် ပေါင်း ၂၇,၀၀၀ အား ဖန်တီး ပေးနိုင်ခဲ့ကြောင်း နိုင်ငံအစိုးရထံမှ မတ်လ ၈ ရက်က သိရသည်။

အသေးစား နှင့် အလတ်စား လုပ်ငန်းများ(SMEs)က အလုပ်အကိုင် အရေအတွက်များစွာ ဖန်တီး ပေးနိုင် ခြင်းကြောင့် ဇမ်ဘီယာ နိုင်ငံ စီးပွားရေးအား အခိုင်အမာ အကူအညီပေးနေသည်ကို တွေ့မြင်ရကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၊ ကုန်သွယ်ရေး နှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး ခရစ္စတိုဖာ ယာလူမာ (Christopher Yaluma)က ပြောကြားခဲ့သည်။

ထိုအသေးစား နှင့် အလတ်စား လုပ်ငန်းများတွင် အစိုးရ၏ စက်မှု လုပ်ငန်း တည်ဆောက်ရေး အစီအစဉ်ကို အထောက်အကူပြုမည့် ကုန်ကြမ်း ပစ္စည်းမှ တန်ဖိုးမြှင့် ထုတ်ကုန်များက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အမျိုးမျိုး၌ ပါဝင်ကြောင်း ဝန်ကြီး ခရစ္စတိုဖာ ယာလူမာက ပြောကြားခဲ့သည်။

ယခုအခါတွင် ဇမ်ဘီယာ နိုင်ငံ၌ စိုက်ပျိုးရေး ကဏ္ဍမှ ပြည်ပပို့ကုန်များအား ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပြီး ယင်းမှာ စက်မှု နိုင်ငံ ဖြစ်စေရန် အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများအား အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု အကောင်းမြင် ခံစားရကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117