Connect with us

Africa & Middle East

တိုက်ပွဲများဖြစ်ပွားခဲ့သော လစ်ဗျားနိုင်ငံတွင် အကြီးမားဆုံး ရေနံလုပ်ကွက်တွင် တိုက်ပွဲများ ဖြစ်ပွား

Sharara ရေနံလုပ်ကွက်အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ထရီပိုလီ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ၏ အစိုးရပိုင် အမျိုးသားရေနံကော်ပိုရေးရှင်း (NOC) က တိုင်းပြည်တွင် အကြီးဆုံးရေနံလုပ်ကွက်ဖြစ်သော Sharara ရေနံလုပ်ကွက် တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၂၉ရက် တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။သို့သော်ပြန်ချက်ထဲတွင် မည်သည့်အဖွဲ့များအကြားတိုက်ပွဲဖြစ်ပွားသည် ကို အသေးစိတ်ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

NOC အနေဖြင့် Sharara ရေနံမြေတွင်း အမှတ် ၁၈၆ တွင် ဧပြီလ ၂၈ ရက်ညတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု နှင့် ပေါက်ကွဲမှုအား ပြင်းပြင်းထန်ထန်ရှုံ့ချကြောင်း၊ ထိုပေါက်ကွဲမှု တွင် ဒုန်းကန်အားသုံး လက်ပစ်ဗုံးများ ကို အသုံးပြုခဲ့ကြောင်း NOC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုတိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများမရှိကြောင်း နှင့် နေ့စဉ် ရေနံထုတ်လုပ်မှုအား ထိခိုက်မှုမရှိကြောင်း NOC က အတည်ပြုပြောကြားခဲ့သည်။

အရေးအပါဆုံးသော စွမ်းအင်လုပ်ငန်းများအနီးအနားအပါအဝင် နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများ ကို ချက်ချင်းရပ်တန့်ရန်၊ NOC မှ တောင်းဆိုခဲ့သည်။ Sharara ရေနံမြေ သည် မြို့တော်ထရီပိုလီ ၏ တောင်ဘက် ၉၀၀ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ အဆိုပါလုပ်ကွက်မှ နေ့စဉ် ရေနံစိမ်းဆီပီပါ ၃၀၀,၀၀၀ ကျော် ထုတ်လုပ်နိုင်စွမ်း ရှိကြောင်း သိရသည်။ အရှေ့တိုင်းအခြေစိုက် စစ်တပ်များ နှင့် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသော အစိုးရများ က မြို့တော်ထရီပိုလီကို ထိန်းချုပ်နိုင်ရန် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်း NOC က ဧပြီလ အစောပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.