Connect with us

Africa & Middle East

ဆီးရီးယားအရှေ့ပိုင်းတွင် ဖြစ်ပွားသော ၄ရက်တာ စစ်ပွဲများအတွင်း ကာ့ဒ်တပ်ဖွဲ့ဝင် နှင့် IS စစ်သွေးကြွ ၅၀ဦးသေဆုံး

ဆီးရီးယားနိုင်ငံ ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ နှင့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း တွင် ၄ရက်တာဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အမေရိကန်က ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) နှင့် IS စစ်သွေးကြွ အနည်းဆုံး ၅၀ဦးသေဆုံးခဲ့ကြောင်း စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ခု က ဖေဖော်ဝါရီ ၁၃ရက်ကပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Euphrates River ဒေသတွင် SDF တပ်ဖွဲ့ဝင်များက IS စစ်သွေးကြွများအား တိုက်ထုတ်ရန် ထိုးစစ်ဆင်မှုများ ပြုလုပ်နေမှုကြောင့် ယခုကဲ့သို့ တိုက်ပွဲများ အရှိန်မြင့်တက်လာကြောင်း သိရသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က IS စစ်သွေးကြွများသည် အရှေ့ပိုင်း Euphrates River ဒေသရှိ ၂စတုရန်းမီတာ ကျယ်ဝန်းသော ဧရိယာအတွင်း ပိတ်ဆို့ဝန်းရံခံထားရကြောင်းပြောကြားခဲ့သည်။

၎င်းက IS စစ်သွေးကြွများသည် SDF တပ်ဖွဲ့ဝင်များထံ အညံ့ခံရန်ငြင်းဆန်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော အကြမ်းဖက်မှုတိုက်ဖျက်ရေး မဟာမိတ်တပ်ဖွဲ့ သည် အရှေ့ပိုင်း Euphrates ဒေသ ရှိ IS တို့၏ နောက်ဆုံး နယ်မြေမှ ISတို့အား တိုက်ထုတ်နေသည့် SDF တပ်ဖွဲ့အား ကျောထောက်နောက်ခံပေးထားကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ရက်တွင် နိုင်ငံပိုင် SANA သတင်းဌာနက IS တို့နောက်ဆုံးထိန်းချုပ်ထားသော နယ်မြေများတွင် အမေရိကန်ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုများကြောင့်အရပ်သား ၇၀ဦးသေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.