Connect with us

Africa & Middle East

အီရန်နိုင်ငံတွင် အသေခံကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား ၊ လူ ၂၀ သေဆုံး

အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုအား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

တီဟီရန်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံ အရှေ့တောင်ပိုင်း Sistan and Baluchestan ပြည်နယ်တွင် ဖေဖော်ဝါရီ ၁၃ ရက်က အသေခံကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ၊ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဇိမ်ခံကားတစ်စီးသည် အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)တပ်ဖွဲ့ဝင်များ လိုက်ပါစီးနှင်းလာသည့် ဘတ်စ်ကားအနောက်သို့အရောက်တွင် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးဒဏ်ရာရမှုများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း IRNAသတင်းအေဂျင်စီက အီရန် အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)၏ သတင်းများကို ကိုးကားဖော်ပြထားသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာသူများကို ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်းသိရသည်။

ပါကစ္စတန်နိုင်ငံအတွင်းရှိ လက်နက်ကိုင်တစ်စုက တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ကြေညာထားသည်။

Sistan and Baluchestan ပြည်နယ်သည် ပါကစ္စတန်နှင့်ဆက်စပ်နေပြီး လုံခြုံရေးအခြေအနေမှာ ကာလကြာရှည်ဆိုးဝါးလျက်ရှိရာ အီရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဦးတည်သည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.