Connect with us

Asia

ဂျပန်နိုင်ငံတွင် တောင်တက် ကျောင်းသား ၈ ဦး သေဆုံး၊ ၃၀ ဦး ဒဏ်ရာရ

ဆီးနှင်းထု ပြိုကျမှုရာ တောင်စောင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၂၇ ရက် (ဆင်ဟွာ)

ယနေ့ (မတ်လ၂၇ ရက်) နံနက်ပိုင်းက ဂျပန်နိုင်ငံ Tochigi စီရင်စုရှိ စကိတ် နှင်းလျှောစီးရာ တောင်စောင်း တစ်ခုပေါ်မှ နှင်းထုများ ပြိုကျမှုကြောင့် ကျောင်းသား ၈ ဦး သေဆုံးခဲ့ပြီး အခြားလူ ၃၀ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းသို့ နှင်းထုပြိုကျမှုမှာ Tochigi စီရင်စု Nasu မြို့ရှိ စကိတ် နှင်းလျှောစီးရာ တောင်စောင်း တစ်ခုတွင် နွေဦးကာလ တောင်တက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှင်းထုပြိုကျချိန်တွင် ယင်းနေရာ၌ အထက်တန်းကျောင်း ၇ ကျောင်းမှ ကျောင်းသား ၆၀ ဦးကျော်နှင့် ဆရာ/ ဆရာမ ၁၂ ဦး ခန့် ရှိနေနိုင်ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

ယနေ့ ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီတွင် ဆရာများနှင့် ကျောင်းသားများက ထို နှင်းလျှောစီး တောင်စောင်းတွင် တောင်တက်ခြင်း လှုပ်ရှားမှု စတင်ခဲ့ကြောင်း၊ ဒေသစံတော်ချိန် နံနက် ၉း၂၀ နာရီတွင် အရေးပေါ် တာဝန်ကျသူက ဖုန်းခေါ်ဆိုမှုအား လက်ခံ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းများ၏ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

နွေဦးကာလ တောင်တက်ခြင်း အစီအစဉ်မှာ မတ်လ ၂၅ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး မတ်လ ၂၇ ရက် နေ့လည်အချိန်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားခဲ့ကြောင်း ကျောင်း ပြောခွင့်ရသူ တစ်ဦးက ပြောသည်။

ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း Tochigi မီးသတ်နှင့် သဘာဝဘေး ကာကွယ်ရေးဋ္ဌာနက ပြောကြားခဲ့သည်။

အဆိုပါ နွေဦးကာလ တောင်တက်ခြင်း အစီအစဉ်တွင် လူဦးရေ ၆၆ ဦးခန့် ပါဝင်ခဲ့ကြောင်း စီရင်စုဆိုင်ရာ ပညာရေး ဘုတ်အဖွဲ့က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရုံး သဘာဝဘေး စီမံခန့်ခွဲမှုစင်တာကလည်း ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့ တစ်ရပ် ဗဟို အစိုးရကထူထောင်ခဲ့ကြောင်း၊ သဘာဝဘေး တုံ့ပြန်ရေးအတွက် လုပ်ဆောင်ရမည့် အရာတိုင်းအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နှင်းထုပြိုကျမှုတွင် သေဆုံးသူ၊ ဒဏ်ရာရသူများအတွက် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိပ်တန်း ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ယနေ့ (မတ်လ ၂၇ ရက်) လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.