Connect with us

Asia

တောင်ကိုးရီးယား နိုင်ငံ တရားရုံးချုပ်ရှေ့နေအဖွဲ့ မှ သမ္မတဟောင်း ပက်ဂွမ်ဟေး အား ဖမ်းဆီးရန် တောင်းဆို

တောင်ကိုးရီးယား နိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေး(Park Geun-hye) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မတ် ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ တရားရုံးချုပ်ရှေ့နေ အဖွဲ့ သည် မတ်လ ၂၇ ရက်က တရားရုံး သို့ သမ္မတဟောင်း ပက်ဂွမ်ဟေး(Park Geun-hye) အား ဖမ်းဆီးခွင့်ပြုရန် လျှောက်တင်ခဲ့ပြီး တရားရုံး မှ ဖမ်းဝရမ်း ထုတ်ခြင်း နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ကို ယခု ရက်ပိုင်းအတွင်း ချမှတ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

တရားရုံးချုပ်ရှေ့နေ အဖွဲ့ က ပက်ဂွမ်ဟေး သည် သမ္မတ ရာထူးအခွင့်အာဏာကို အသုံးပြု၍ စီးပွားရေး လုပ်ငန်းကုမ္ပဏီ များမှ လာဘ်ယူမှုပြုလုပ်ခြင်း ၊ အရေးကြီး အချက်အလက်များကို ပေါက်ကြားစေခဲ့ခြင်း ၊ စစ်ဆေးစဉ်ကာလတွင်လည်း ပြစ်မှုများစွာကို ငြင်းဆိုခဲ့ပြီး သက်သေများကို ဖျက်ဆီးနိုင်ခြေများစွာရှိနေခြင်း စသည် တို့ကြောင့် ပက်ဂွမ်ဟေး ကို ဖမ်းဆီးရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရားရုံးချုပ်ရှေ့နေ အဖွဲ့ က ပက်ဂွမ်ဟေး နှင့် ပူးပေါင်းပါဝင်ခဲ့သူ Choi Soon-sil အပါအဝင် အစိုးရ ဝန်ထမ်းများ နှင့် လာဘ်ပေးခဲ့သူများအားလုံး ကို ဖမ်းဆီး လိုက်ပြီးဖြစ်ကာ တရားမျှတမှု ရှိစေလိုသောကြောင့် ပက်ဂွမ်ဟေး ကိုဖမ်းဆီးရန် လျှောက်တင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပက်ဂွမ်ဟေး သည် ယခင် တောင်ကိုးရီးယား သမ္မတ ဖြစ်ခဲ့ကြသည့် Roh Tae-woo နှင့် Chun Doo-hwan တို့နောက်ပိုင်း တရားရုံးချုပ်ရှေ့နေ အဖွဲ့ မှ ဖမ်းဆီးရန် လျှောက်တင်ခံရသော တတိယမြောက် သမ္မတဟောင်း တစ်ဦး ဖြစ်လာခဲ့ပြီး တရားရုံး အနေဖြင့် အစောဆုံး မတ်လ ၃၀ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမှတ်သွားနိုင်ကြောင်း သိရှိရသည်။

တောင်ကိုးရီးယား နိုင်ငံ တရားရုံး မှ မတ်လ ၁၀ ရက်နေ့က သမ္မတ ရာထူးတာဝန်ထမ်းဆောင်နေသည့် ပက်ဂွမ်ဟေး ကို ရာထူးမှ ဖယ်ရှားရန် အမိန့်ချမှတ်ခဲ့ပြီး တောင်ကိုးရီးယား နိုင်ငံ သမိုင်းတစ်လျှောက် ပထမဦးဆုံး ရာထူးမှ ဖယ်ရှားခံရသည့် သမ္မတ တစ်ဦး ဖြစ်စေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.