Connect with us

Asia

ဆီနီဂေါအမျိုးသားနပန်းရုံလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့သမ္မတရှီတက်ရောက်

ဆီနီဂေါအမျိုးသားနပန်းရုံဖွင့်ပွဲတက်ရောက်လာသော သမ္မတရှီ နှင့် သမ္မတ Macky Sall တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ဆီနီဂေါနိုင်ငံသမ္မတ Macky Sall တို့သည် ဇူလိုင် ၂၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ထားသော ဆီနီဂေါအမျိုးသားနပန်းရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့အတူတကွတက်ရောက်ခဲ့ကြောင်း သိရသည်။

သမ္မတရှီ နှင့် ဇနီး Peng Liyuan တို့အား ဆီနီဂေါသမ္မတ Sall နှင့် ဇနီး Marieme တို့က ဆီနီဂေါနိုင်ငံမြို့တော် ဒါကာမြို့ရှိ အဝင်ဝတွင် ရှီ နှင့် Sall တို့အတူတကွယှဉ်တွဲရပ်နေပုံ ဧရာမဓါတ်ပုံကြီးအား ချိတ်ဆွဲထားသည့် နပန်းရုံ၌ ကြိုဆိုခဲ့ကြသည်။

အဆိုပါ နှစ်နိုင်ငံခေါင်းဆောင် နှင့် ဇနီး တို့သည် တရုတ် နှင့် ဆီနီဂေါ အလံများ ဝေ့ယန်းကြိုဆိုနေသော လူအုပ်ကြီးအား လက်ပြနှုတ်ဆက်ခဲ့ကြသည်။ နပန်းရုံထဲတွင် တရုတ်-အာဖရိက ဆက်ဆံရေး နှင့် တရုတ်-ဆီနီဂေါ ဆက်ဆံရေးကိုကြိုဆိုသည့် ဆိုင်းဘုတ်များကိုလည်း ချိတ်ဆွဲထားကြောင်း သိရသည်။

အခမ်းအနားတွင် တရုတ်သမ္မတရှီကျင့်ဖိန်က အားကစားရုံ “ ရွှေသော့” ကို ဆီနီဂေါသမ္မတ Sall ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ဆီနီဂေါရိုးရာ နပန်းပွဲ တစ်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။

အမျိုးသားနပန်းပွဲရုံ လွှဲပြောင်းပေးအပ်ခြင်းဖြင့် တရုတ်-ဆီနီဂေါ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထင်ဟပ်စေကြောင်း ရှီက ပြောကြားခဲ့သည်။ ဆီနီဂေါနိုင်ငံသည် ယဉ်ကျေးမှုမြင့်မားသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ တရုတ် နှင့် ဆီနီဂေါ အကြား ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ရှေးရှု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဆီနီဂေါ သမ္မတ Sall က အမျိုးသားနပန်းရုံ တည်ဆောက်ပေးသည့်အတွက် တရုတ်နိုင်ငံအားကျေးဇူးတင်ကြောင်း ၊ နပန်းရုံသည် ဆီနီဂေါ-တရုတ် ဆက်ဆံရေးအတွက် အမှတ်အသား အသစ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနပန်းရုံသည် အာဖရိကတိုက်တွင် ပထမဆုံး ခေတ်မီ နပန်းရုံတစ်ခုဖြစ်ကြောင်း ၊ ဆီနီဂေါနိုင်ငံ၌ တရုတ်နိုင်ငံ၏ အကြီးစား အကူအညီပေးရေး စီမံကိန်းထဲတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.