Connect with us

Asia

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်အဖွဲ့ က ယီမင်နိုင်ငံ ဟူတီလက်နက်ကိုင်အဖွဲ့စခန်းအား လေကြောင်းတိုက်ခိုက်

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ ဟူတီလက်နက်ကိုင်များကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကောင်းကင်တစ်ခွင် မီးခိုးလိပ်များတက်လာသည်ကို မတ် ၇ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ မတ် ၈ ရက်(ဆင်ဟွာ)

ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က မတ် ၇ ရက်တွင် ဟူတီလက်နက်ကိုင်အဖွဲ့တည်ရှိရာ ယီမင်နိုင်ငံ မြို့တော် ဆန်နာ မြို့လယ်ခေါင်ရှိ စစ်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ် ၇ ရက် နေ့လည်ပိုင်းက ဆန်နာမြို့တွင် ပေါက်ကွဲသံကြီးကြားရပြီး မီးခိုးလိပ်များတက်လာသည်ကို တွေ့ရကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောသည်။ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဆန်နာမြို့လယ်ခေါင် တပ်မ (၁)ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး လူ(၃)ဦး ဒဏ်ရာရခဲ့ကြောင်း အမည်မဖော်လို့သည် ဟူတီလက်နက်ကိုင် အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ ဟူတီလက်နက်ကိုင်များကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကောင်းကင်တစ်ခွင် မီးခိုးလိပ်များတက်လာသည်ကို မတ် ၇ ရက် တွေ့ရစဉ်(ဆင်ဟွာ)

ယီမင်နိုင်ငံ ဆန်နာမြို့ရှိ ဟူတီလက်နက်ကိုင်များကို ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ကောင်းကင်တစ်ခွင် မီးခိုးလိပ်များတက်လာသည်ကို မတ် ၇ ရက် တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိ လေကြောင်းတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ ယီမင် ညွန့်ပေါင်းအစိုးရနှင့် ဆော်ဒီ‌ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဟူတီလက်နက်ကိုင်များနှင့် ယီမင်ညွန့်ပေါင်းအစိုးရ၏ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုများ အဆက်မပြတ်တိုးပွါးခဲ့သည်။ ဟူတီလက်နက်ကိုင်များသည် ယီမင်မြောက်ပိုင်း Maʼribပြည်နယ်တွင် အားသွန် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသလို ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့ကလည်း ဟူတီလက်နက်ကိုင်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင် ဟူတီလက်နက်ကိုင်များသည် မြို့တော် ဆန်နာကို သိမ်းယူခဲ့ပြီး ယီမင်တောင်ပိုင်းဒေသများကို သိမ်းပိုက်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျ စသည့်နိုင်ငံများက ဟူတီလက်နက်ကိုင်များကို မုန်တိုင်းစစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကုလသမဂ္ဂ၏ ညှိနှိုင်းမှုဖြင့် ယီမင်အစိုးရနှင့် ဟူတီလက်နက်ကိုင်အကြား အပစ်ခတ်ရပ်စဲရေးနှင့် စစ်သုံ့ပန်းပြန်လည်လဲလှယ်ရေး စသည့် အရေးကြီးသော အချက်များကို သဘောတူညီမှုရခဲ့သည်။ သို့သော်လည်း မကြာမီ ပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်သည်ဟုဆိုကာ နှစ်ဖက်အကြား အပြန်အလှန်အပြစ်တင်စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ယီမင်အစိုးရနှင့် တောင်ပိုင်း အသွင်ကူးပြောင်းရေးကော်မတီတို့ ပူးတွဲ ညွန့်ပေါင်းအစိုးရအဖွဲ့ဖွဲ့စည်းခဲ့သည်။ ယခုအခါ ယီမင်တောင်ပိုင်း ‌ဒေသများစုတွင် အမည်အရ တစ်သားတည်းဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………………………
(Chinese Version)
(国际)沙特主导的多国联军空袭也门胡塞武装军营
2021-03-07 22:31:56
 新华社开罗3月7日电(记者王尚)萨那消息:沙特阿拉伯主导的多国联军7日空袭了胡塞武装位于也门首都萨那中心城区的一座军营,至少造成3人受伤。
据目击者说,7日中午,萨那城区传出巨响,随后升起大量黑烟。一名不愿透露姓名的胡塞武装军官对新华社说,沙特主导的多国联军空袭了该组织位于萨那中心城区的第一师军营,至少造成3人受伤。
  目前,也门联合政府和沙特主导的多国联军还未就空袭情况发布消息。
自今年初以来,胡塞武装和也门联合政府的军事对峙不断升级。胡塞武装在也门北部马里卜省加大攻势,而多国联军则以空袭打击胡塞武装。
  2014年9月,也门胡塞武装夺取首都萨那,后又占领也门南部地区。2015年3月,沙特等国对胡塞武装发起代号为“果断风暴”的军事行动。2018年12月,在联合国斡旋下,也门政府和胡塞武装就停火、战俘交换等重要议题达成一致,但不久双方就互相指责对方破坏停火协议。2020年12月,也门政府与南方过渡委员会组建联合政府。至此,也门南部大部分地区实现了名义上的统一。(完)
新华社照片,萨那,2021年3月7日
(国际)(1)沙特主导的多国联军空袭也门胡塞武装军营
3月7日,也门首都萨那城区上空升起黑烟。新华社发(穆罕默德摄)