Connect with us

Asia

တီဟီရန်၌ ရဟတ်ယာဉ်ပျက်ကျ ၂ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

အီရန်နိုင်ငံ၌ ပျက်ကျသွားသော ရဟတ်ယာဉ်အား ဆယ်ယူနေစဉ် (ဆင်ဟွာ)

တီဟီရန် ၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံတီဟီရန်မြို ့ရှိ ရေကန်ကြီးတစ်ခုထဲသို့ဒီဇင်ဘာလ ၆ ရက်က ရဟတ်ယာဉ်တစ်စင်းပျက်ကျသွားခဲ့ရာ လူ နှစ်ဦး သေဆုံးသွားကြောင်း တီဟီရန်မြို့အရေးပေါ်ကယ်ဆယ်ရေးစင်တာ မှ ပြည်သူ့ဆက်ဆံရေးအဖွဲ့ခေါင်းဆောင် က IRNA သတင်းအေဂျင်စီသို့ပြောကြားခဲ့သည်။

ပျက်ကျသွားသော ရဟတ်ယာဉ်သည် အီရန်နိုင်ငံ၏ ရဟတ်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီပိုင် ရဟတ်ယာဉ်တစ်စင်း ဖြစ်ကြောင်း ၊ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄ဝ မိနစ်တွင် တီဟီရန်မြို့ရှိ Shohadai-e-Khalij Fars ရေကန်ကြီးထဲသို့ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း Hassan Abbasi ကပြောသည်။


ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အားဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ၊ သို့သော် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံ၌ သေဆုံးသွားကြောင်း ၎င်း ကဆက်ပြောသည်။

အီရန်နိုင်ငံ၏ ရဟတ်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက ရဟတ်ယာဉ်ပျက်ကျရခြင်းအကြောင်းကို နောက်ပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကို ကြေညာချက်ထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.